Chapter 58
Imperial MeowJuly 15, 2023
Chapter 58ရှေးဟောင်း အဝတ်အစားများ ဝတ်ဆင်ထားသည့် ဖူလီ၏ ပုံရိပ်မှာ ခေတ္တသာ ကြာပေသည်။ ကျွမ်းချင်က အတန်ကြာအောင် ကြောင်အနေလေသည်။ ရှေးဟောင်း အဝတ်အစားများနှင့် ဖူလီက သူ့၏ လက်ရှိ သွင်ပြင်ထက် များစွာ ကြည့်ကောင်းပေသည်။
ငယ်စဉ်ကပင် အလိုလိုက်ခံထားရပြီး အပြစ်ကင်းစင်ခြင်းမှ မွေးဖွားလာသည့် သန့်စင်ခြင်းနှင့် မသိနားမလည်ခြင်းတို့ ရောနှောနေသည့် တော်ဝင်မင်းသားတစ်ပါးကဲ့သို့ပင်...
"ဒီနေ့ ဂရုစိုက်ပေးတာ ကျေးဇူးပါ..."
လူသားပုံစံနှင့် ဖူလီက လူသားတို့၏ သူတော်ကောင်းတရားနှင့် စည်းမျဥ်းများအောက်တွင် ပြန်လည်ရောက်ရှိသွားပုံရပေသည်။ သူက အလွန်ပိုမို တည်ကြည်လာပေသည်။
"စောစောနားလိုက်... ငါပြန်တော့မယ်..."
"အင်း..."
ကျွမ်းချင်က ခေါင်းညိတ်လိုက်သည်။ သူက ဖူလီကို တံခါးဆီသို့ ပို့လိုက်ပြီး မျက်နှာတည်ဖြင့် တံခါးကို ဆွဲဖွင့်ရန် ကူညီပေးလိုက်သည်။
"နောက်ဆိုရင် အလုပ်ထဲမှာ အရက်သောက်ဖို့ ခွင့်မပြုဘူး..."
"ငါ မှတ်ထားပါမယ်..."
ဖူလီက မှားသွားသည်ဖြစ်ရာ ကျွမ်းချင်ပြောသမျှက မှန်နေပေသည်။
သူက ဇိမ်ခံဗီလာကြီး၏ ပြင်ပသို့ လျှောက်ထွက်လာပြီး လမ်းတစ်လျှောက် လျှောက်ကြည့်နေသည်။ လမ်းမီးများက ဖူလီ၏အရိပ်ကို ရှည်လျားကာ လူသားအသွင်ယူထားသော မီးခြစ်ဆံတစ်ခုသဖွယ် မျဥ်းကြောင်းရှည်တစ်ကြောင်း ပေါ်လာစေပေသည်။
လမ်းတစ်လျှောက်တွင် လမ်းလျှောက်သူအချို့ ရှိနေပေသည်။ ဤဒေသ၏ နေထိုင်သူများက ကားများပိုင်ဆိုင်ထားကြသည့် လူချမ်းသာများဖြစ်ကြ၍ ဖူလီကဲ့သို့ လမ်းလျှောက်သူ အနည်းငယ်သာရှိပေသည်။ ခပ်ဝေးဝေးသို့ လမ်းလျှောက်ပြီးသည့်တိုင် တက္ကစီတစ်စီးမှ မတွေ့ရပါချေ။ လမ်းလျှောက်သူများက တစ်ခါတစ်ရံသူ့ကို ကျော်သွားပေသည်။
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...