မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

737 128 0
                                    

Chapter 101
Imperial MeowAugust 03, 2023
Chapter 101



ကျောက်စိမ်းပန်းကန်လုံး ကျကွဲသွားပြီး အဆုံးမဲ့အမှောင်ထုထဲ ပျောက်ကွယ်သွားသည်။ အဆုံးမဲ့ဝိညာဉ်ချီဓာတ်များက ဖူလီ့ကိုယ်ထဲ တစ်ဟုန်ထိုး ဝင်ရောက်လာပေသည်။ ထူထပ်သိပ်သည်းလှသော တိမ်တိုက်များက ကောင်းကင်ယံတွင် လှည့်ပတ်နေသည်။ အတိဒုက္ခတိမ်တိုက်များ ကျဆင်းလုဆဲဆဲဖြစ်လာသည်။

လျှပ်စီးများလက်ပြီး မိုးခြိမ်းလာကာ မိုးများ ဒလဟောရွာချလာသည်။ မိုးရေများက ကျွမ်းချင်၏ဓားပေါ်မှ သွေးများကို ဆေးချလိုက်သည်။ သူ့မျက်နှာထက်မှ မိုးရေများကို သုတ်လိုက်ပြီး ကားဘေးနားကို လျှောက်လာလိုက်သည်။ ကောင်းကင်ယံမှ အတိဒုက္ခတိမ်တိုက်များကိုကြည့်ကာ ကားတံခါးဖွင့်ပြီး ဖူလီ့ကိုဖက်ထားလိုက်သည်။ ဝေးကွာလှသည့် အကွာအဝေးတစ်ခုကို အလွန်လျင်မြန်စွာကျော်ဖြတ်သွားပြီးနောက် မျက်စိတစ်ဆုံးမြင်ရသည့် ပင်လယ်ပြင်ကြီးဆီသို့ သွားလိုက်သည်။

ယောင်ကျင့်ကြံသူများ အဆင့်တက်သည့်အခါ အတိဒုက္ခမိုးကြိုးကို ရင်ဆိုင်ရပေသည်။ ၎င်းက ခန္ဓာနှင့် ဝိညာဉ်ကို တည်ငြိမ်အောင်ပြုလုပ်သည့်ပုံစံမျိုးဖြစ်ပြီး မည်သူမှ ကူညီ၍ မရပေ။

ကျွမ်းချင်က ဖူလီ့ကို ပင်လယ်ရေမျက်နှာပြင်ပေါ် ချထားလိုက်ပြီး ရွှေနဂါးအသွင်ပြောင်းကာ ဖူလီ့အတွက် အကာအကွယ်မှော်အစီအရင် ပြုလုပ်ပေးထားသည်။

ပထမမိုးကြိုး...

ဒုတိယမိုးကြိုး

တတိယမိုးကြိုး

နဝမမြောက်မိုးကြိုး...

ဂရား...

ပင်လယ်ကြမ်းပြင်မှ နားပင်းလုမတတ် သားရဲအော်သံကြီးထွက်ပေါ်လာသည်။

အဆုံးမဲ့ဝိညာဉ်ချီဓာတ်များက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး  ပင်လယ်နှင့် ကမ္ဘာမြေပြင်ကို လွှမ်းခြုံထားသည်။ ပင်လယ်ထဲတွင် ကူးခတ်နေကြသည့်ငါးများက ပျော်ရွှင်စွာဖြင့် ရေပေါ်ခုန်တက်လာပြီး ကောင်းကင်ဘုံက သူတို့ကိုချီးမြှင့်သည့် လက်ဆောင်များကို လက်ခံနေကြသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းOpowieści tętniące życiem. Odkryj je teraz