chapter 172

412 89 0
                                    

Chapter 172
Imperial MeowAugust 31, 2023
Chapter 172

ကံကြမ္မာ



ပင်လယ်စာများကို အားလုံးက အားပါးတရ စားသောက်နေကြသည်။

ဝိတ်ချလိုသည်ဟု အမြဲပြောနေသော ရှုယွမ်သည်ပင် ဗိုက်ပြည့်အောင် စားသောက်ထား၍ လမ်းမလျှောက်နိုင်လုနီးနီးဖြစ်နေသည်။

ကျွမ်းချင်ထံမှ မကြာခဏ အလကားစားသောက်ရရန်အတွက် အားလုံးက သူတို့နှစ်ယောက် မည်မျှလိုက်ဖက်ကြောင်း ချီးကျူးပြောဆိုနေကြပြီး သူတို့၏ အချစ်ရေးက ထာဝရတည်မြဲသွားမည်ဟု ပြောဆိုနေကြသည်။ အမြဲတစေ အေးတိအေးစက်နေတတ်သော ကျွမ်းချင်မှာ မျက်ဝန်းများက နူးနူးညံ့ညံ့ဖြစ်ပြီး ပြုံးယောင်သန်းနေသည်။

သို့ရာတွင် သူတို့မည်မျှစားနိုင်သည်ဖြစ်စေ အားလုံးက အကန့်အသတ်ရှိသည်။ ဖူလီနှင့် စုန့်ယွီကို အစားနိုင်ဆုံးလူများဟု ပြောရပေမည်။  စုန့်ယွီ၏ မူရင်းသွင်ပြင်က စွမ့်ယွီမိစ္ဆာဖြစ်၍ သူ့ခန္ဓာကိုယ်က တောင်တစ်လုံးစာမျှကြီးမားပြီး ပမာဏများစွာ စားသောက်နိုင်ကြောင်းကို အားလုံးက သိကြပေသည်။

ဒါပေမဲ့ ဖူကောက ယုန်ပေါက်စလေးလေ... ဘာလို့အဲ့လောက်တောင် စားနိုင်ရတာလဲ... သူက ယုန်တွေကြားထဲမှာတောင် တော်တော်ထူးဆန်းတဲ့ ယုန်မျိုးပဲ...

အားလုံး ဗိုက်တင်းသည်အထိ စားပြီးသည့်အခါ စားပွဲပေါ်မှ ပန်းကန်ပြားများက ဖရိုဖရဲဖြစ်ကုန်သည်။ ဖူလီ သန့်စင်ခန်းသို့သွားချိန်တွင် ယခုမှ သန့်စင်ခန်းထဲကထွက်လာသည့် ချူးယွီနှင့် ဝင်တိုက်မိသည်။

" ဖူကော..."

ချူးယွီက ဝိုင်အနည်းငယ်သောက်ထားခြင်းဖြစ်သည်။  သူ့ မျက်နှာက နီရဲနေရုံသာမက ဦးရေပြားများပင် ရဲတွတ်နေသည်။

" ဖူကောနဲ့ ဘော့စ်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားကြတာ ကျွန်တော်တို့ တကယ်ဝမ်းသာတယ် တကယ်ပါ..."

ဖူလီက ချူးယွီဘက်ကို ဆပ်ပြာဘူးပေးလိုက်သည်။ ချူးယွီက ဆပ်ပြာပမာဏများစွာကို ညှစ်ထုတ်လိုက်ပြီး လက်တွင် ကြိမ်ဖန်များစွာပွတ်ပြီးမှ ရေဖြင့်ဆေးကြောလိုက်သည်။ ထိုအခါမှသာ သူ အလွန်မူးနေကြောင်း ဖူလီသိလိုက်သည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now