Chapter 70
Imperial MeowJuly 17, 2023
Chapter 70နိုင်ဟယ့်တံတား၏ တစ်ခြားတစ်ဖက်တွင် ကျွမ်းချင်က တံတားပေါ်မှ မိစ္ဆာနှင့် သရဲကို ကြည့်နေပေသည်။ သူက သူတို့နောက်သို့ တဖြည်းဖြည်းလျှောက်သွားရာ ဖူလီ၏ စကားလုံးများကို ကြားလိုက်သည်။
"အချစ်ဆိုတာ လူသားတွေအတွက် သီးသန့်ဖြစ်တဲ့ အားနည်းချက်တစ်ခု ဖြစ်ရမယ်..."
"မင်းက အလုပ်ချိန်ကြီးမှာ ယင်းချိုင်ခေါင်းဆောင်နဲ့ ဘဝဒဿနတွေ ဆွေးနွေးဖို့ မြေအောက်ကမ္ဘာကို ပြေးသွားတာလား..."
ကျွမ်းချင်က ဖူလီကို အမူအရာမဲ့ စိုက်ကြည့်လိုက်သည်။
"ပြန်လာပြီးတော့ တက္ကသိုလ်တက်ပြီး နိုင်ငံဝန်ထမ်းဖြစ်လာဖို့ တွေးမနေနဲ့တော့... တစ်ခါတည်း ဒဿနပညာရှင်ပဲ လုပ်လိုက်တော့လေ..."
"လူကြီးမင်းကျွမ်း... မင်္ဂလာပါ..."
လီရှုက သူ့၏ စီးကရက်ကို မီးငြိမ်းကာ ဦးစွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ခေါင်းဆောင်..."
ကျွမ်းချင်က လီရှုထံသို့ ခေါင်းအသာအယာ ညိတ်ပြလိုက်သည်။ သူက ဖူလီဘက်သို့ လှည့်သည့်အခါ သူ့အမူအရာက ထပ်မံ မဲမှောင်သွားပြန်သည်။
"ဖူလီ မင်းက ပိုပိုပြီး အတင့်ရဲလာတယ်... မင်း မြေအောက်ကမ္ဘာကို ဇွတ်တောင် သွားရဲနေတယ်... ဘာလို့ ပြန်လည်မွေးဖွားခြင်း ရေကန်ထဲကိုလည်း ခုန်မချလိုက်သလဲ..."
"ငါခုန်ချရင်တောင် အသုံးမဝင်ဘူး..."
ဖူလီက အလွန်ရိုးသားသော မိစ္ဆာဖြစ်ပေသည်။
"ငါက ပြန်မမွေးဖွားနိုင်ဘူး..."
"မင်းရဲ့ခေါင်းက ပြန်လည်မွေးဖွားပြီးတော့မှပဲ ကယ်လို့ရတော့မှာ..."
ကျွမ်းချင်က ထိုစကားလုံးများပြောကာ နောက်လှည့်ပြီး လျှောက်သွားလိုက်လေသည်။ သူခြေနှစ်လှမ်းလှမ်းပြီးသည့်တိုင် ဖူလီက လိုက်မလာသည်ကိုမြင်ရာ သူ့မျက်နှာက မဲမှောင်သွားသည်။
"အဲ့မှာ ဘာရပ်နေသေးတာလဲ... ယင်းချိုင်ခေါင်းဆောင် မင်းကို ထမင်းလိုက်ကျွေးတာကို စောင့်နေတာလား..."
![](https://img.wattpad.com/cover/343576233-288-k91317.jpg)
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...