မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

892 128 1
                                    

Chapter 48

ဝိညာဉ်လွင့်လက္ခဏာ

ထိုမိန်းကလေးများထံမှ ရေမွှေးနံ့ကြောင့် ခွန်းဖမ်က အကြိမ်အနည်းငယ်ခန့် နှာချေမိသွားသည်။ သူ့နှာခေါင်းကိုပွတ်လျက် နဂါးက သူ့ကိုမလိမ်ညာထားကြောင်း တွေးမိသွားသည်။ ယခုလက်ရှိ လူများ၏အသားက ယခင်ကေလာက် အရည်အသွေးမကောင်းတော့ပေ။

ဖူလီတို့သုံးယောက်အုပ်စုထွက်သွားမှသာ အရှေ့ကောင်တာမှ မိန်းကလေးတစ်ယောက်က စပ်စုစွာဖြင့် မေးလိုက်သည်။

" ငါကြားတာတော့ ဘော့စ်က နာမည်ကြီးစားဖိုမှူးတွေကို ‌ခေါ်ထားတယ်တဲ့ .. သန့်ရှင်းရေးဌာနကလည်း  အကောင်းဆုံး သီးသန့်ခန်းတွေကို သန့်ရှင်းရေးလုပ်ထားရတယ်လို့ပြောတယ် ငါတို့ အရေးကြီးဧည့်သည်တွေ လက်ခံရမှာများလား..."

" ဘယ်သိမှာလဲ..."

အခြားမိန်းကလေးတစ်ယောက်က လည်ပင်းဆန့်ပြီး လှမ်းကြည့်လိုက်သည်။ ဖူလီက သီးသန့်ခန်းထဲ လမ်းလျှောက်ဝင်သွားသည်ကို မြင်လိုက်သောအခါ သူမ ဟာသလုပ်လိုက်သည်။

" ဖူလီရဲ့ဘေးက လူနှစ်ယောက်ကို ကြိုဆိုဖို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့..."

" အဲ့လိုတော့ မဟုတ်လောက်ပါဘူး..."

ထိုမိန်းကလေးက သူမစကားများကို စိတ်ထဲမထားလိုက်ပဲ ပြောလာသည်။

" လုယီကလည်း အလုပ်စလုပ်တာ မကြာသေးဘူးနော် သူလည်း ဒီအကြောင်းသိလား မပြောတတ်ဘူး..."

ခွန်းဖမ်ထိုင်ချလိုက်သည်နှင့် အကောင်းဆုံးဟင်းပွဲ ၁၂ပွဲနှင့် အမွှေးဆုံးသောဝိုင်ကို ထိုနေရာတွင် တာဝမ်ယူထားသောလူများက လာချပေးသည်။ ဝိုင်၏မွှေးရနံ့ကို ရသည်နှင့် ခွန်းဖမ်က မျက်လုံးမှေးကျဉ်းပြီး ဝိုင်တစ်ငုံသောက်လိုက်သည်။

" စိတ်ဝင်စားစရာပဲ တော်တော်စိတ်ဝင်စားစရာကောင်းတယ်..."

သူက တလက်လက်တောက်ပနေသည့် ဖန်ခွက်ရှည်ကို ဘေးနားထားလိုက်ပြီး ဝိုင်ပုလင်းကိုကိုင်ကာ အားပါးတရမော့သောက်လိုက်တော့သည်။

သီးသန့်ခန်းထဲမှ စားပွဲထိုးများက သာမန်လူများမဟုတ်ပဲ ကျင့်ကြံသူများဖြစ်သည်။ ခွန်းဖမ်က ဝိုင်ကိုရေသဖွယ် တစ်ကျိုက်တည်းသောက်ချလိုက်သည်ကိုကြည့်ပြီး ဗန်းကိုကိုင်ထားသည့် သူတို့လက်များက မတည်မငြိမ်ဖြစ်လာသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now