Chapter 156
Imperial MeowAugust 31, 2023
Chapter 156ပေါက်စီပေါင်းခြင်းက ပြီးဆုံးသွားလေပြီ။ ခန်းကူက ပေါင်းအိုးအဖုံးကို ဖွင့်လိုက်ရာ ဖူလီနှင့် ဖုန်းလွေ့ကျုံးက လျှောက်လာလေသည်။ ပေါင်းပြီးနောက် မူလက ရုပ်ဆိုးနေသော နဂါးနှင့် ဖုန်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဖောင်းကားလာကာ ပို၍ပင် ရုပ်ဆိုးလာပေသည်။
ခြားနားချက်မှာ ကျွမ်းချင်ယခင်က ဖိထားသော ယုန်မှာ နဂါးခေါင်းပေါ်တွင် အသက်ဝင်သော ဟန်ဖြင့် ထိုင်နေကာ ယုန်တစ်ကောင်က နဂါး၏ ခွန်အားကို ငှားနေသည့် သွင်ပြင်အတိုင်း အတိအကျ ဖြစ်နေပေသည်။
"ကျက်သွားပြီ..."
ခန်းကူက ပေါက်စီလေးများကို ထိကာ ပေါင်းအိုးကို ဘေးတွင် ချထားလိုက်သည်။
"ဘေးမှာ ထားလိုက်..."
ထိုနှစ်ဦးက မီးဖိုချောင်ထဲတွင် အကူအညီမရပါပေ။ သူတို့ အစအဆုံး လုပ်သည်မှာ ဖရိုဖရဲ ပြုလုပ်ခြင်းသာဖြစ်သည်။
ဖူလီက နဂါးနှင့် ယုန်ကို ကောက်လိုက်ပြီး ဖုန်းလွေ့ကျုံးကို ပြောလိုက်သည်။
"ဒါတွေက ကျွန်တော်နဲ့ နဂါးလေးကျွမ်းရဲ့ ဟာတွေ..."
ထို့နောက် သူက ဝက်ကလေးကိုလည်း ယူလိုက်သည်။
"ဒါက ဘုရင်အတွက်..."
ဖုန်းလွေ့ကျုံးက သူ့ကို လျစ်လျူရှုလိုက်သည်။ သူက အငွေ့တစ်ထောင်းထောင်းထနေသော ဖုန်းဟွမ်ပေါက်စီအပူကို ယူပြီး ကိုက်လိုက်သည်။ ရုပ်ဆိုးသော ဖုန်းဟွမ်က ၄င်း၏ တောင်ပံတစ်ဝက်ကို တစ်ကြိမ်တည်း ပျောက်ဆုံးသွားလေသည်။
"နဂါးလေးကျွမ်း... လာခဲ့... မင်းအတွက်..."
ဖူလီက နဂါးဦးချိုနှစ်ခုကို နုတ်လိုက်ပြီး ကျွမ်းချင်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
"နဂါးချို စားလိုက်... နဂါးချို စားလိုက်... မင်းက နဂါးလောကထဲမှာ အလှဆုံးနဂါးဖြစ်လာလိမ့်မယ်..."
ယခုတွင် နဂါးမျိုးနွယ်ထဲ၌ စုစုပေါင်း နဂါးအကောင်ရေ ၅၀ကျော်သာ ရှိပေသည်။
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...