Chapter 181
Sue Xing NwaySeptember 01, 2023
Chapter 181[End]ညသန်းခေါင်အချိန်သို့ ရောက်လာသည့်အခါ လူသားလောကတွင် လေပြင်းမုန်တိုင်းများ၊ လှိုင်းလုံးကြီးများ၊ မြေငလျင်ကြီးများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။
အရေးကြီးဗျူရိုများတွင် ဝန်ထမ်းများက သူတို့၏ အစည်းအဝေးခန်းများထဲ၌ တစ်ညလုံးမအိပ်ဘဲ စောင့်ဆိုင်းနေကြသည်။ ဖုန်းအော်ပရေတာများကလည်း အဆက်မပြတ် ဖုန်းခေါ်နေကြသည်မှာ ရေတစ်ခွက်သောက်ရန်ပင် အချိန်မရှိပေ။
" စီမံခန့်ခွဲရေးဗျူရိုကနေ ဘာသတင်းကြားသေးလဲ..."
" စီမံခန့်ခွဲရေးဗျူရိုက အခုအခြေအနေကို အန္တရာယ်အရှိဆုံးအဖြစ် သတိပးပေးချက်ထုတ်ထားပါတယ်... ကမ်းခြေဒေသတွေမှာ ထူးဆန်းတဲ့ သားရဲတွေ ပေါ်လာတာကို CCTVကင်မရာတွေကနေတစ်ဆင့်တွေ့ရပြီး ပင်လယ်ရေတွေကလည်း အဆက်မပြတ်မြင့်တက်လာပါတယ်..."
ယခုအချိန်တွင် လွင်ပြင်ဂိုဏ်းမှာ အကြီးအကဲများက ကောင်းကင်ယံ၌ ပျံသန်းလာစဉ် ချင်းရှောင်ဂိုဏ်းအကြီးအကဲများနှင့် ဆုံတွေ့ကြသည်။ ထိုဂိုဏ်းနှစ်ခုက အချင်းချင်းအကဲခတ်လိုက်ကြပြီး တစ်ဖက်က မည်သည့်နေရသို့ သွားမည်ကို စုံစမ်းမေးမြန်းခြင်းမရှိကြဘဲ သူတို့၏ ဦးတည်ရာသို့သာ ဆက်လက်ထွက်ခွာသွားကြသည်။ မကြာမီအချိန် သူတို့လမ်းတစ်ဝက်တွင် အရပ်မျက်မှာအနှံ့မှ ထွက်လာကြသည့် လူသားနှင့် ယောင်ကျင့်ကြံသူများနှင့် တွေ့ကြရပြန်သည်။
နိုင်ငံတစ်ခု တိုးတက်အောင်မြင်ခြင်းနှင့် ပျက်စီးခြင်းက သာမန်လူများ၏တာဝန်ဖြစ်သည်။ ထို့အပြင် ဤကိစ္စက လူသားလောကအတွက် သေရေးရှင်ရေး အခြေအနေဖြစ်နေသည်။ အကယ်၍ သူတို့ဝင်ရောက်မဖြေရှင်းပါက ဖြစ်လာတော့မည်ကပ်ဘေးကြီးမှ ကာကွယ်မည့်သူ မရှိပေ။
.....
" တကယ်လို့ မိစ္ဆာဧကရာဇ်က အစီအရင်ကို ဖိနှိပ်ချင်စိတ် ရှိမယ်ဆိုရင် ဒီကပ်ဘေးကြီးကို ရှောင်ရှားနိုင်မှာပဲ..."
ပိုင်ဇယ်၏အသံက တုန်ယင်နေသည်။
" တကယ်လို့ မိစ္ဆာဧကရာဇ်က သူ့လူတွေဘက်ကိုပဲ ကြည့်မယ်ဆိုရင်တော့ ရလဒ်က ဆိုးရွားသွားလိမ့်မယ်... နောက်ဆုံး သူ့ခန္ဓာကိုယ်က သေဆုံးသွားပြီး တာအိုပါ ပျောက်ကွယ်သွားမှာ..."

VOCÊ ESTÁ LENDO
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
Ficção Geral💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...