Chapter 150
Imperial MeowAugust 29, 2023
🐰Chapter 150🐉နားလည်မှုလွဲခြင်း
ဖူလီသည် သူ့အကြီးအကဲများ အထူးပြုလုပ်ထားသည့် အဝတ်အစားများကို ဝတ်ဆင်လိုက်ကာ တစ်ပတ် လှည့်ကြည့်လိုက်ရာ ကျွမ်းချင်သည်လည်း သူ့အဝတ်အစားများကို လဲထားသည်ကို တွေ့လိုက်ရသည်။ သူက ပြတင်းပေါက်နားတွင် ရပ်ကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ ဘုရင်ကန်းလေ့က ဦးလေးဖုန်းနှင့် ထပ်မံငြင်းခုံနေပေသည်။ ယခင်က စာကလေးငှက်မှာ ဘုရင် ၏တောင်ပေါ်ရှိ ကိရိယာတန်ဆာပလာများကို ပြုပြင်ရာတွင် မကြာခဏ ကူညီပေးတတ်ပေသည်။ အဆုံးတွင် သူတို့က ပြန်လည် မွမ်းမံလုပ်ဆောင်နေချိန်၍ စကားများရန်ကာ အဆုံးသတ်သွားတတ်သည်။ ဖူလီက ၄င်းကို အသားကျနေပြီ ဖြစ်သည်။
"ငါတို့ အခုတောင်ပေါ်ကနေ ဆင်းမှာလား"
ကျွမ်းချင်သည် ဖူလီက ပြတင်းပေါက်ကို မှီ၍ ဖုန်းလွေ့ကျုံးနှင့် ခန်းကူတို့ကို ကြည့်နေသည်ကို တွေ့လိုက်သည်။ သူက သူ့၏ အကြီးအကဲနှစ်ယောက်နှင့်လမ်းခွဲရမည်ကို သည်းမခံနိုင်သည်ကို သိရာ ကျွမ်းချင်က ဆိုလိုက်သည်။
"ဒီနေ့နေ့လည် မင်း အားလပ်ရက်ယူဖို့ ငါခွင့်ပြုတယ်၊ ငါအမြန်သတင်းပို့လိုက်မယ်"
"မင်းကို ငါဘယ်လိုလုပ် တစ်ယောက်တည်း ပြန်ခွင့်ပြုရမှာလဲ... ငါတို့က ကောင်းချီးတွေနဲ့ ပခုံးထမ်းရတဲ့ စိန်ခေါ်မှုတွေကို အတူတူ မျှဝေဖို့ သဘောတူထားတယ်လေ”
ဖူလီက ခေါင်းခါသည်။
“ဒါက ဒီနှစ်ရဲ့ အလုပ်နောက်ဆုံးနေ့လေ... အလုပ်မပြီးမချင်း ငါ မင်းကို အဖော်လုပ်ပေးမယ် အဲ့လိုမှမဟုတ်ရင် ငါက ဘယ်လိုအစ်ကိုမျိုး ဖြစ်သွားမလဲ..."
ဖူလီက သူ့အကြီးအကဲနှစ်ယောက်ကို သူတို့က အလုပ်သွားပြီဟု အသံကူးပြောင်းခြင်းမှ တစ်ဆင့် ပြောလိုက်ပြီးနောက် ကျွမ်းချင်၏ လက်မောင်းကို ဆွဲကာ လွင့်မျောနန်းတော်မှ ထွက်လာပြီး ကျွမ်းချင်၏ကားဆီသို့ ထွက်သွားပေသည်။
"သွား... သွား... သွား... အလုပ်ကို မြန်မြန် သွားရအောင်... ပြီးသွားရင် ငါတို့ အားလပ်ရက် ရောက်တော့မယ်..."
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...