Chapter 6
မျိုးဆက်တစ်ခုစီတိုင်းက အရင်မျိုးဆက်တွေနဲ့ ယှဉ်လို့မရတာတော့ အမှန်ပဲလူများစွာစည်ကားသွားလာနေသည့် မီးရထားဘူတာရုံထဲတွင် ဖက်ရှင်ကျကျ ဝတ်စားထားသော လူငယ်များနှင့် သက်လတ်ပိုင်းအရွယ်လူများက အိတ်အရွယ်အစားမျိုးစုံကိုကိုင်ပြီးသွားလာနေကြသည်။ သူတို့က အလျင်လိုနေကြ၍ ဘေးပတ်ဝန်းကျင်မှ အခြားလူများနှင့် ခွဲခြားထားသကဲ့သို့ ဖြစ်နေသည်။
ဤနေရာတွင် လူတန်းစားမျိုးစုံ ဘဝမျိုးစုံကို တွေ့ရှိနိုင်ပေသည်။ ယခုချိန်တွင် ဘူတာရုံများက အလွန်စည်းကမ်းတင်းကြပ်ပြီးနေရာအနှံ့တွင် လုံခြုံရေးကင်မရာများစွာ ရှိသော်လည်း အခြားသူများ၏ ပိုင်ဆိုင်မှုကို အလစ်အငိုက်တွင် ရယူလိုသည့် လူအချို့ ရှိနေသေးပေသည်။
ဘူတာရုံသို့ မီးရထားတစ်စီး ဆိုက်လာချိန်တွင် သက်ကြီးပိုင်းအရွယ်လူတစ်ယောက်က သူ့လက်ဆွဲအိတ်ကို တစ်ယောက်ယောက်တွေ့မိသလားဟု အော်ဟစ်မေးမြန်းလာသည်။ ခရီးသည်များက ကတိုက်ကရိုက်ဖြင့် လှုပ်ရှားသွားလာနေကြသည်။ အချို့က သူ့ကိုတစ်ချက်မှပင် လှည့်မကြည့်ပေ။ အချို့က သူ့ကို သနားစဖွယ်လှည့်ကြည့်လိုက်သော်လည်း သူ့ဘေးနားလာပြီး အကူအညီမပေးကြပေ။
လူအိုကြီး၏ အသားအရည်က မည်းနက်နေပြီး သူ့မျက်နှာကလည်း ရွတ်တွနေပြီဖြစ်သည်။ သူ ဝတ်ဆင်ထားသည့်အဝတ်များမှာ ကြိမ်ဖန်များစွာလျှော်ဖွတ်ထားခဲ့ခြင်းဖြစ်၍ အရောင်လွင့်နေပြီး အထည်အနားစကလည်း ကြမ်းတမ်းနေပြီဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူက ကြွယ်ဝချမ်းသာသူတစ်ယောက်မဟုတ်ကြောင်း သိနိုင်ပေသည်။ သူ့အော်သံကြောင့် မီးရထားလုံခြုံရေးဝန်ထမ်းများက အာရုံစိုက်မိသွားကြသည်။ လူအိုကြီးက ဒေါသကြောင့် မူးမေ့လဲသွားမည်စိုး၍ လုံခြုံရေးများက သူ့ကို ဘေးမှနေရာတွင် ခဏထိုင်ခိုင်းထားသည်။ ပျားပန်းခပ်မျှ လှုပ်ရှားသွားလာနေသည့်လူများအကြားတွင် တစ်စုံတစ်ယောက်က သူ့ကို လက်ကိုင်ပဝါတစ်ထည်ကမ်းပေးလာပြီး အခြားတစ်ယောက်က သူ့ကို ရေတစ်ဘူးလာပေးခဲ့သည်။ အခြားလူများမှာမူ လူအိုကြီးကို တစ်ချက်သာလှည့်ကြည့်ပြီး ထွက်သွားကြသည်။
CZYTASZ
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...