Chapter 57
Imperial MeowJuly 15, 2023
Chapter 57ဖူလီအတွက်မူ မူရင်းပုံစံသို့ ပြန်ပြောင်းလိုက်ခြင်းဖြင့် သူ စကားပြောဆိုပုံနှင့် ပြုလုပ်သည့်ကိစ္စများတွင် ပို၍ အေးအေးလူလူဖြစ်သွားသည်။ ၎င်းက လူသားအရေခွံတစ်ခုကို ခွာချလိုက်သကဲ့သို့ဖြစ်ပြီး လူသားများ၏ ဥပဒေနှင့် ဓလေ့ထုံးတမ်းများကို အာရုံစိုက်ရန်လည်း။မလိုတော့ပေ။
ယုန်တစ်ကောင်ဖြစ်သောဖူလီ၏ အကြိုက်ဆုံးစားစရာမှာ အသီးအရွက်မဟုတ်ပဲ အသားဖြစ်သည်။ သူက ငါး၊ ပုစွန်များကို နှစ်သက်၍ ကျွမ်းချင်နှင့် အကြိုက်ချင်း အတော်အတန်တူပေသည်။ ဖူလီ ငါးရိုးများကို တဂျွတ်ဂျွတ်ဝါးနေသည့်အသံများကိုကြားပြီး ကျွမ်းချင်၏အရိုးများပင် အေးစိမ့်စိမ့်ဖြစ်လာသည်။ မသက်မသာဖြစ်စွာဖြင့် သူ့ပခုံးများကိုပင် ဖိနှိပ်နေလိုက်ရသည်။
" မင်းက အလုပ်ချိန်အတွင်း အရက်သောက်စားပြီးတော့ ဝန်ထမ်းစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်... ဒီလ လစာထဲက ယွမ်နှစ်ရာဖြတ်ရမယ်..."
" အိုး..."
ဖူလီက ငွေများစွာရှိနေပြီဖြစ်၍ ဤမျှ ငွေပမာဏလေးကို စိတ်မပူတော့ပေ။
ကျွမ်းချင်က သူ၏ နားရွက်ရှည်များ လှုပ်ယမ်းနေသည်ကိုကြည့်ကာ မမေးပဲ မနေနိုင်တော့ပေ။
" မင်း လူသားပုံစံနဲ့ စားဖို့ရည်ရွယ်ချက် မရှိဘူးလား..."
" ငါ့ မူရင်းပုံစံနဲ့ မစားရတာ နှစ်၂၀၀၀လောက်ရှိပြီ နည်းနည်းကြာကြာ နေပါရစေဦး..."
ဖူလီက နောက်ခြေထောက်ဖြင့် မတ်တပ်ရပ်လိုက်သည်။
သူ့မူရင်းပုံစံက နည်းနည်းရုပ်ဆိုးတယ်ဆိုပေမယ့် ကျွမ်းချင်ကလည်း သွေးနှောနဂါးပဲမလား... သူတို့အချင်းချင်းဆိုရင်တော့ အေးအေးဆေးဆေးနေလို့ရပါတယ်...
ဖူလီက ပျော်ရွှင်စွာဖြင့် စားသောက်နေသည်။
ကျွမ်းချင်က သည်းခံနေပြီး တစ်ဖက်လူကို ဟွင်းယွမ်ဆေးလုံးနှင့် လက်သီးဆုပ်အရွယ်ခန့် စိန်တုံးတစ်တုံး အကြွေးတင်နေသည်ဟု သူ့စိတ်ထဲတွင် သတိပေးနေမိသည်။
![](https://img.wattpad.com/cover/343576233-288-k91317.jpg)
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...