chapter 178

407 88 2
                                    

Chapter 178
Sue Xing NwaySeptember 01, 2023
Chapter 178

အစီအရင်၏ အလယ်ဗဟို



လူသားများ၏နှလုံးသားတွင် အချစ်၊ အမုန်း၊ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုဟူသည့် ခံစားချက်ပေါင်းစုံ ပါရှိသည်။ အမျက်ဒေါသ၊ အငြှိုးအတေး၊ နောင်တ၊ မနာလိုမှု၊ သတ်ဖြတ်လိုမှု၊ လောဘ  ဟူသော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များ နှလုံးသားထဲ ကျူးကျော်ဝင်ရောက်လာပါက လူတစ်ယောက်က အရာအားလုံးကို အပြစ်မြင်လာပြီး လောကကြီးကို ဖျက်ဆီးပစ်ချင်သည်အထိ ဖြစ်လာနိုင်သည်။

လူအများစုအတွက်မူ အလွန်အမင်းစိတ်ဓာတ်ကျနေသည့်အချိန်၌ ခေါင်းထဲတွင် မေးခွန်းတစ်ခု ရောက်လာတတ်သည်။

သူတို့ဘာလို့ အသက်ရှင်နေရတာလဲ... လောကကြီးက ကယ်ကို စက်ဆုပ်စရာကြီးပဲ...

အချိန်အများစုတွင်မူ ဤခံစားချက်များက ပေါ်လာလေ့မရှိပေ။ သို့ရာတွင် လူတစ်ယောက် မပျော်မရွှင်ဖြစ်သည်နှင့် ထိုခံစားချက်များက စိတ်ထဲတွင် ပြန်ပေါ်လာတတ်ပေသည်။

ထိုခံစားချက်များက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတတ်သော်လည်း ၎င်းမှဖြစ်တည်လာသော အုံ့မှိုင်းသည့်ချီဓာတ်က ကောင်းကင်နှင့် ကမ္ဘာမြေတွင် ဆက်လက်တည်ရှိနေသည်။ လူသားများထံမှ ခံစားချက်များဖြစ်သည့် ဒေါသ၊ လောဘ၊ စိတ်ဓာတ်ကျမှုတို့ကြောင့် ဤမိစ္ဆာတစ်သောင်း ရှိခိုးမှုအစီအရင်က ပြီးမြောက်အောင်မြင်သွားခဲ့သည်။

လွန်ခဲ့သောနှစ် ၅၀၀၀ကျော်ခန့်က ယောင်လောကတွင် စွမ်းအားများ တဖြည်းဖြည်းယုတ်လျော့လာခဲ့သည်။ ထိုအချိန်က မိစ္ဆာမျိုးနွယ်စုကို ခေတ်သစ်သို့ရောက်အောင် ဦးဆောင်ပေးနိုင်မည့် သူတို့၏ အသန်မာဆုံးဧကရာဇ်ကို ကြိုဆိုရတော့မည်ဟု ကောလဟာလများထွက်ခဲ့သည်။

ထိုကောလဟာလက မဟာမိစ္ဆာများနှင့်အတူ ပျောက်ကွယ်သွားခဲ့ပြီး နောက်ဆုံးတွင် ယောင်ကျင့်ကြံသူများလည်း မေ့လျော့သွားခဲ့သည်။  ရှေးခေတ်က ရှင်သန်နေခဲ့သည့် ယောင်ကျင့်ကြံသူများထဲမှ အများစုကပင် ဤကောလဟာလကို မယုံကြည်ခဲ့ပေ။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now