Chapter 163
Imperial MeowAugust 31, 2023
Chapter 163ကျွမ်းချင်က အားလုံးဖယ်ပေးထားသည့် လမ်းလေးထဲမှ ဖြတ်လျှောက်လာပြီးနောက် ရုတ်ချည်းရပ်တန့်သွားသည်။ ပိုင်ဇယ်၏နောက်တွင်ရှိနေသော ဖူလီ့ကိုကြည့်ကာ သူ ပိုင်ဇယ့်ကို ရိုသေစွာ ပြုံးပြလိုက်သည်။
" စီနီယာပိုင် မင်္ဂလာပါ..."
" မင်္ဂလာပါ ..."
မင်္ဂလာသားရဲဖြစ်သည့်ပိုင်ဇယ်က သူတော်ကောင်းတရားနှင့် ခရမ်းရောင်ချီဓာတ်ပေါများသည့် သက်ရှိများကို အလွန်နှစ်သက်ပေသည်။ သူ နေထိုင်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ကျွမ်းချင်ကဲ့သို့ ရွှေရောင်သူတော်ကောင်းတရားအလင်းများ ပိုင်ဆိုင်ပြီး တစ်ကိုယ်လုံး သက်ဦးဆံပိုင်ဘုရင်တစ်ပါး၏ ခရမ်းရောင်ချီဓာတ်မျိုး လွှမ်းခြုံထားသည့်သက်ရှိမျိုးကို များများပြားပြား မတွေ့ခဲ့ဖူးပေ။ သို့ဖြစ်၍ သူက ကျွမ်းချင်ကို ပထမဆုံး တွေ့သည့်အချိန်မှာပင်နှစ်သက်သဘောကျသွားမိသည်။
ပြီးတော့...
ပိုင်ဇယ်၏ အမူအရာက သိသိသာသာပြောင်းလဲသွားသော်လည်း။ သူအမြန်ဖုံးကွယ်လိုက်သည်။
ဖူလီက ပိုင်ဇယ့်နောက်မှ ထွက်လာသည်။ သူ ကျွမ်းချင်၏ အင်္ကျီစကိုဆွဲကာ ပိုင်ဇယ့်ကို ပြောပြလိုက်သည်။
" ဒါက ကျွန်တော့်ရဲ့ အနာဂတ်တာအိုလက်တွဲဖော် ကျွမ်းချင်ပါ..."
ဖူလီ့စကားများကို ကြားသည့်အခါ ပိုင်ဇယ့်အမူအရာက သိသိသာသာ ထူးဆန်းသွားသည်။ အချိန်အတန်ကြာပြီးမှ သူ ခေါင်းတဆတ်ဆတ်ညိတ်တော့သည်။
" ကောင်းတယ် အရမ်းကောင်းတယ်..."
ဘေးနားတွင် စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြသော စီမံခန့်ခွဲရေးဗျူရို၏ဝန်ထမ်းများ အံ့အားသင့်သွားကြသည်။
ဖူကောရဲ့ အကြီးအကဲတွေက စကားပြောရဆိုရ လွယ်လိုက်တာ... သူတို့တွေက နက်နဲတဲ့ ကျင့်ကြံဆင့်နဲ့ ရှားပါးရတနာတွေ ပိုင်ထားတာတောင်မှ ဖူလီက မိစ္ဆာအထီးတစ်ယောက်ကို လက်တွဲဖော်အဖြစ်ရွေးထားတာကို အလွယ်တကူ လက်ခံတယ်ပေါ့လေ... သူတို့က ဖူလီ့ကို အဲ့လောက်တောင် ချစ်ကြတာလား...
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...