Chapter 174
Imperial MeowAugust 31, 2023
Chapter 174သူတို့နှစ်ယောက် ထိုနေ့ညတွင် အိပ်ရာပေါ် ၌ ချစ်ရည်လူးခဲ့သော်လည်း ကျွမ်းချင်က အဖြစ်မှန်ကို မသိသေးပေ။ သူနှင့် ဖူလီက အကြိုက်ချင်းတူသူများဖြစ်၍ အနာဂတ်တွင်လည်း သဟဇာတဖြစ်အောင် နေထိုင်နိုင်မည်ဟု သူ ပြောလိုက်သည်။
ဖူလီက တစ်ဖက်သို့ လှည့်သွားသည်။
" အင်း..."
ကျွမ်းချင် : ...
သူ့ချစ်သူက ရုတ်ချည်းစိတ်ဆိုးသွားချိန်တွင် မည်သို့လုပ်ရမည်မသိသည့်အဖြစ်က မည်သို့ဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ တစ်ဖက်လူကို သူ့စောင်အောက်ဆွဲသွင်းလိုက်ပြီး အံကြိတ်ကာ သူ့အတွက် အနည်းငယ်ရှက်စရာကောင်းစေသည့် အသုံးအနှုန်းများကို ပြောလိုက်သည်။
" မင်းက ကိုယ့်ရဲ့အစ်ကိုကြီးလို့ အမြဲပြောတယ်မလား... ရုတ်တရက်ကြီး ဘာလို့စိတ်ဆိုးရတာလဲ... ကိုယ်မင်းကို အစ်ကိုကြီးလို့ခေါ်ရင် စိတ်ဆိုးပြေမှာလား... အစ်ကိုဖူ... အစ်ကိုကြီးဖူ... ဖူကော..."
ဖူလီက တစ်ဖက်သို့လှည့်လာပြီး ကျွမ်းချင်နှင့် အကြည့်ချင်းဆုံလိုက်သည်။ ထို့နောက် သူခပ်တိုးတိုးပြောလိုက်သည်။
" ငါက အဲလောက်တောင် စိတ်သဘောထားသေးသိမ်တဲ့လူနဲ့ တူနေလို့လား..."
" အဲလိုမဟုတ်ပါဘူး ကိုယ်က အတွေးလွန်နေတာပါ..."
ပြတင်းပေါက်မှာ ဖြာကျလာသည့် လရောင်ကြောင့် တောက်ပနေသည့် ဖူလီ့မျက်ဝန်းများကိုကြည့်ပြီး ကျွမ်းချင် မျက်လုံးများ ကွေးညွတ်သွားသည်အထိ ရယ်လိုက်မိသည်။
" ကိုယ့်ရဲ့ဖူကောက အရှိန်အဝါအကြီးဆုံးပါပဲ... ဟုတ်ပြီလား..."
" ဒီလောက်ဆိုရင်တော့ လက်ခံနိုင်ပါတယ်..."
ဖူလီက ကျွမ်းချင်၏ခါးကို လိမ်ဆွဲလိုက်သည်။
" အိပ်တော့လေ မနက်ဖြန်ပိတ်ရက်ဆိုတော့ မင်း ပင်လယ်ကို သွားချင်သေးလား..."
ကျွမ်းချင်က ဖူလီ့နှုတ်ခမ်းကိုနမ်းလိုက်သည်။
" မင်း မနက်ဖြန် ကိုယ့်ကိုအဖော်လုပ်ပေးမလား... အပြန်ကျရင် မာလာကျောက်ပုစွန်ကြွပ်ကြော် ဝယ်ကျွေးမယ်လေ..."
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...