Chapter 155
Imperial MeowAugust 31, 2023
Chapter 155နျန်
ပိုးချည်များသဖွယ် နှစ်လိုဖွယ်ကောင်းလှသည့် ဆောင်းမြူနှင့် မိုးများက အေးစက်ကာ ရောယှက်နေပေသည်။ အသက်တစ်ချက်ရှုလိုက်သည်နှင့် အနည်းငယ် အေးစက်မှုက နှလုံးသားထဲထိတိုင်အောင် ထိုးဖောက်သွားမည် ဖြစ်ပေသည်။
ကျွမ်းချင်မှာ သူ့ပါးစပ်ထဲမှ ထိုစကားလုံးများ ထွက်သွားသည်နှင့် အနည်းငယ် နောင်တရနေပေသည်။ မည်သည့်မိစ္ဆာကိုမဆို သူတို့၏ မျိုးနွယ်မှာ သာမန်အတိုင်း မျိုးမပွားနိုင်သည့်အကြောင်း တိုက်ရိုက်ပြောခြင်းက အမြဲလိုလိုပင် သေချာပေါက် ဒေါသထွက်စေသော နည်းလမ်းတစ်ခု ဖြစ်ပေသည်။
ဖူလီက ကျွမ်းချင်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည်မှာ ကျွမ်းချင်က ထိုကဲ့သို့အရာမျိုးကို တွေးတောမည်ဟု မထင်သည့်ပုံရပေသည်။ သူက ကြောင်ငေးကြည့်ကာ အဆက်မပြတ်ခုန်ပေါက်နေသော ယုန်လေးကို ဖိထားရန်အတွက် သူ့ ရင်ဘတ်ကို ထိလိုက်လေသည်။
"ဒါပေမဲ့ ငါက မိစ္ဆာမတစ်ယောက်နဲ့ ဟို့လေးတစ်ကောင်မွေးဖို့ ရည်ရွယ်ချက် တစ်ခါမှ မရှိခဲ့ပါဘူး..."
ရောင်ပြန်မြူတောင်ပေါ်မှ အကြီးအကဲများက သူ့ကို ပျိုးထောင်ရန်အတွက် စွမ်းအင်မည်မျှကို အသုံးပြုခဲ့ရသည်ကို တွေးကြည့်ရုံနှင့်ပင် ဖူလီအတွက် ကလေးများကို ပျိုးထောင်ရသည်မှာ အလွန်ကြောက်စရာကိစ္စတစ်ခုဖြစ်သည်ဟု ခံစားရစေသည်။ အထူးဖြင့် သူ့ကဲ့သို့ လူများအတွက်ပင်။
"မင်းက မိစ္ဆာမတစ်ယောက်နဲ့ ဟို့လေးတစ်ကောင် မွေးဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင် မိစ္ဆာထီးတစ်ကောင်နဲ့ တွဲဖို့ တွေးလို့ရတယ်... အဲ့မိစ္ဆာထီးက တခြားမိစ္ဆာတွေ ဒါမှမဟုတ် လူသားတွေနဲ့ မပြတ်မသားဆက်ဆံရေးတွေ မရှိတဲ့အပြင် မင်းကိုလည်း လျှို့ဝှက်ကြံစည်နေတာမျိုး မဟုတ်ပဲ ချက်ပြုတ်နိုင်၊ တိုက်ခိုက်နိုင်၊ ကားတွေ အိမ်တွေရှိပြီး လူသားလောကမှာ ရာထူးရှိရင် အကောင်းဆုံးပဲ... "
ကျွမ်းချင်၏ မျက်နှာက တည်ကြည်နေပေသည်။
"ပြီးတော့ ကြည့်လည်းကောင်းရမယ်..."

أنت تقرأ
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
قصص عامة💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...