Chapter 52
လူသားကျင့်ကြံသူများ
ဖူလီ ယခင်က နေထိုင်ခဲ့သောအခန်း၏အောက်ထပ်တွင် မြောင်မြောင်က ကြိုးနီလေးကို တလေးတစား အာရုံပြုလိုက်ပြီးမှ အိမ်ပိုင်ရှင်ကို သူမလက်ကောက်ဝတ်တွင် ချည်ခိုင်းလိုက်သည်။
" မြောင်မြောင် ဒီကြိုးကို ဘယ်တော့မှ မချွတ်ပစ်ရဘူးနော် မှတ်ထား..."
အိမ်ပိုင်ရှင်က မြောင်မြောင့်ပခုံးကိုဖက်ထားပြီး သူမအသံထဲတွင် ဖော်ညွှန်းမပြနိုင်သည့် လေးနက်မှုတို့ ပါဝင်နေသည်။
" ဒါကို လက်ခံလိုက်ပြီဆိုတော့ ငါတို့တွေ ကျေးဇူးမမေ့သင့်ဘူး... အနာဂတ်မှာ အဲ့အစ်ကိုကြီးကို ထပ်တွေ့တွေ့ မတွေ့တွေ့ သူ သမီးကို အသက်ကယ်ပေးခဲ့တာကို မမေ့ရဘူးနော် ဟုတ်ပြီလား..."
" ဟုတ်..."
မြောင်မြောင်က နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ သေးကွေးသောလက်ဖြင့် လက်ကောက်ဝတ်မှ ကြိုးနီလေးကိုထိကြည့်ပြီး အပြစ်ကင်းစွာဖြင့် ပြုံးလိုက်သည်။
.....
ဗျူရိုဝန်ထမ်းပေါင်းများစွာက တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားကြ၍ ကျယ်ဝန်းလှသော စီမံခန့်ခွဲရေးဗျူရိုထဲတွင် လူအနည်းငယ်သာရှိသော်လည်း နေရာတစ်ခုလုံးက အေးစက်စက် ဖြစ်မနေပေ။ ဗျူရိုတစ်ခုလုံးက ၎င်း၏ စည်းမျဉ်းဖြင့် အလိုအလျောက်လည်ပတ်နေသည့် ကြီးမားသောစက်ကြီးတစ်လုံးနှင့်တူသည်။
လက်ထပ်မှတ်ပုံတင် လာရောက်ပြုလုပ်ကြသော ယောင်ကျင့်ကြံသူများ၊ ကွာရှင်းစာချုပ်လက်မှတ်လာထိုးကြသည့် ယောင်ကျင့်ကြံသူများသာမက အမွေဆက်ခံရန်အတွက် မိသားစုအတွင်း ရန်ပွဲအကြီးအကျယ်ဖြစ်နေကြသည့် မိစ္ဆာများလည်း ပါဝင်သည်။ သူတို့အားလုံးက မိစ္ဆာများ ဖြစ်ကြသော်လည်းလူသားမျိုးနွယ်နှင့် အတူတကွယှဉ်တွဲနေထိုင်နေရခြင်းဖြစ်၍ လူသားများ၏ အကျင့်စရိုက်များပါ ကူးစက်သွားခဲ့သည်ဟု ဆိုနိုင်ပေသည်။
ဗျူရိုသို့ ဝင်ခွင့်မရခဲ့သော ခရုစုပ်ငှက်ကလည်း ရောက်လာသည်။ ဤတစ်ကြိမ် သူရောက်လာခြင်းမှာ သူက ကျင့်ကြံသူဖိုရမ်တွင် တိုက်ခိုက်ခဲ့သူကို တရားစွဲရန် ဖြစ်သည်။ ဤဖြစ်စဉ်က အလွန်ရိုးရှင်းလှပေသည်။ ကျင့်ကြံသူတစ်ယောက်က နိုင်ငံ့ရတနာများအကြောင်း စတင်ပြောဆိုလာပြီး ပန်ဒါများ၏ ချစ်စရာကောင်းပုံကို ရှု့ထောင့်မျိုးစုံမှ ချီးကျူးသည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ခရုစုပ်ငှက်အကြောင်း ပြောလာသည့်အခါ ခေါင်းရှုပ်နေသည့် ကျင့်ကြံသူတစ်ယောက်က မတွေးတောပဲ ခရုစုပ်ငှက်က နိုင်ငံရတနာဟုတ်မဟုတ်ကို မေးလာခဲ့သည်။
KAMU SEDANG MEMBACA
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
Fiksi Umum💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...