Chapter 93
Imperial MeowJuly 25, 2023
Chapter 93ကျောက်ရုပ်ထုအကြောင်းကို စိတ်ပူနေကြသော အွန်လိုင်း ကောလဟာလများက မီဒီယာများ၏ အတင်းအဖျင်းများအောက်တွင် အလျင်အမြန်ပင် နစ်မြုပ်သွားလေသည်။ ဒေသခံ မိုးလေဝသ ဗျုရိုက ဝေ့ပေါ်တွင် အင်တာနက် အသုံးပြုသူများ၏ ထပ်မံ ဆဲဆိုခြင်းကို ခံလိုက်ရပေသည်။
ရွာသား ခွေးကြီး ဝမ့် : မိုးလေဝသဗျူရိုက နည်းနည်းလေး ပိုပြီး ယုံကြည်စရာကောင်းလို့ မရတော့ဘူးလား... မင်းက ရေကြီးမယ်လို့ပြောပြီး ညလယ်ကြီး ငါတို့ မိသားစုတွေကို အိမ်ထဲက ဆွဲထုတ်ခိုင်းတယ်... ဒါပေမဲ့ အဆုံးကျတော့ ၂ရက် ၃ရက်ထိစောင့်တာတောင် ဘာရေမှမကြီးပဲ နေတောင်ထွက်လာသေးတယ်... အဲ့သူတောင်းစားတွေက ရေကြီးမှုသတိပေးချက်က အဆုံးသတ်သွားပြီး လူတိုင်းက အိမ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်လို့ရပြီလို့ ထပ်ပြောလာတယ်... ဒီလို ရှေ့နောက်နှိပ်စက်မှုတွေ အားလုံးကနေ ဘယ်သူက ပျော်နေမှာလဲ...
ဒေသခံ မိုးလေဝသဗျူရိုတွင် ဝေ့ပေါ်မရှိသည်က ကံကောင်းပေသည်။ အင်တာနက်အသုံးပြုသူများက မည်မျှ ဆဲဆိုပါစေ သူတို့က မြင်ရမည် မဟုတ်ပါပေ။ သူတို့မြင်ရလျှင်ပင် လျစ်လျူရှုကာ ပြန်မဖြေ၍ ရပေသည်။
ရာသီဥတုအပြောင်းအလဲများဖြင့် အမှားကင်းသော မိုးလေဝသ ဗျုရိုက ဝေဖန်မှု အဆုံးသတ်ကို ရောက်ရှိကာ ကောင်းမွန်ပြီး ယုံကြည်ရသည့် မိုးလေဝသ ဗျူရို ဖြစ်လာမည် မဟုတ်ပါပေ။
ကုန်းဖု၏ ရောက်ရှိလာမှုကို စီမံခန့်ခွဲရေး ဗျူရို၏ အမျိုးသမီးများ အားလုံးက ကြိုဆိုကြသည်။ အမျိုးသားများက ကုန်းဖုမှာ ဝါးပလွေမှုတ်ကာ လက်ရေးအလှများ ရေးသောအခါ အပိုလုပ်သည်ဟု ခံစားရသော်လည်း အမျိုးသမီးများအတွက်မူ ၄င်းက စာပေနှင့် အနုပညာ၏ အလှတရားဖြစ်ပေသည်။ အမျိုးသားများက ကုန်းဖု၏ ဖြောင့်မတ်ကာ၊ စည်းကမ်းလိုက်နာသော အပြုအမူက ဟန်ဆောင်နေသည်ဟု ခံစားရပြီး အမျိုးသမီးများအတွက်မူ ကျက်သရေရှိခြင်းဖြစ်သည်။
သုံးရက်အတွင်းမှာပင် ကုန်းဖုက အမျိုးသားများ၏ ဘုံရန်သူဖြစ်ကာ အမျိုးသမီးများ၏ 'အချစ်စစ်'ဟူသော ခေါင်းစဉ် ပေးအပ်ခြင်း ခံလိုက်ရသည်။ ယခုအချိန်တွင်မူ မည်သူကမှ သူ့ကို အစားမထိုးနိုင်ပါပေ။
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...