Chapter 78
Imperial MeowJuly 20, 2023
Chapter 78ဖူလီက စာသင်ခန်းအမှတ် ၆၀၄၏တံခါးကို တွန်းဖွင့်လိုက်သည်။ ခေါင်မိုးပေါ်တွင် ဖုံထူထူများက အလွှာကြီးတစ်ခုသဖွယ်ဖြစ်နေသည်။ မျက်နှာကြက်ပေါ်ရှိ ပန်ကာက တကျွီကျွီဖြင့် လည်နေသည်။ အဖြူရောင်အင်္ကျီဝတ်ထားသော ကောင်လေးတစ်ယောက်က အရှိန်မြန်မြန်ဖြင့် စာရေးနေသည်။ သူ စာရေးပြီးသွားသည့်အခါ တံခါးကိုကြည့်ပြီး ပြုံးပြလိုက်သည်။
" ရောက်လာပြီလား..."
ဖူလီက စကားမပြောပဲ ထိုကောင်လေး၏ စားပွဲနားကို လျှောက်လာသည်။ စားပွဲပေါ်တွင် သတ်သေမည့်အကြောင်းရေးထားသော စာရွက်တစ်ရွက်ရှိနေသည်။
" မင်း မလာတော့ဘူး ထင်နေတာ..."
ကောင်လေးက ပြတင်းပေါက်ဘောင်ပေါ်ကိုတက်ပြီး မတ်တပ်ရပ်ကာ ဖူလီ့ကိုလှည့်ကြည့်လိုက်သည်။
" ခုနတုန်းက ပြန်ထွက်သွားတာ တွေ့လိုက်လို့လေ..."
သူ့မျက်နှာထက်မှ အမူအရာက တောင့်တင်းနေသည်။ မျက်လုံးများမှ သွေးစီးကြောင်းကြီးနှစ်ကြောင်း စီးကျနေပေသည်။
" အဲ့နှစ်တုန်းက မင်း ငါနဲ့တူတူခုန်ချမယ်ဆိုပြီး ပြန်မလာခဲ့ဘူးလေ ငါမင်းကို နှစ်တိုင်းစောင့်နေခဲ့တာ နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့..."
" မင်းက အသက်ကြီးပြီး ဝလာတာပဲ..."
ဖူလီက သူ့နောက်မှလိုက်ပြီး ပြတင်းပေါက်ဘောင်ပေါ်တက်လိုက်သည်။
" အဲဒီကျောင်းသားတွေကရော မင်းနဲ့တူတူ ခုန်ချခဲ့တာလား..."
စိတ်ခံစားချက်၊ ရန်ညှိုးနှင့် စွဲလန်းမှုများကြောင့် နေရာတစ်ခုတည်းမှ ထွက်မသွားနိုင်ပဲ ထာဝရရှိနေရသည့် သရဲမျိုး ရှိတတ်ပေသည်။ လူသားများက ဤသို့သောသရဲမျိုးကို မြေဖုတ်သရဲဟု ခေါ်တတ်ကြသည်။
ဤသရဲမျိုးက တည်ရှိနေလျှင်ပင် မသိသာသော်လည်း သူတို့စိတ်ခံစားချက်ကို တစ်စုံတစ်ရာက နှိုးဆော်လိုက်ပါက သူတို့သေဆုံးခဲ့သည့်နေရာတွင် ပြန်ပေါ်လာပြီး အပြစ်မဲ့သောလူများကိုပါ သူတို့နှင့်အတူ ဆွဲခေါ်လေ့ရှိသည်။ နောက်ဆုံးတွင် သူတို့က အညှိုးကြီးသောသရဲများဖြစ်သွားနိုင်ပေသည်။
ВЫ ЧИТАЕТЕ
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
Художественная проза💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...