Chapter 61
Imperial MeowJuly 16, 2023
Chapter 61မိတ်ဆွေဟောင်း
တစ်ခြားတစ်ဖက်တွင်မူ ဖူလီက ကျွမ်းချင်နောက်သို့ လိုက်လာရင်းနှင့် သရဲဈေးက မည်သို့မည်ပုံဖြစ်သည်ကို တွေးတောနေပေသည်။
"ဘယ်သွားမလို့လဲ..."
ကျွမ်းချင်၏ အသံက ဖူလီကို အမှန်တရားဆီသို့ ပြန်ရောက်လာစေသည်။
"ငါတို့ဗျူရိုကို ရောက်နေပြီ..."
"ကျွမ်းချင်..."
ဖူလီက သူ့ရပ်နေသည်ကို တည်ငြိမ်စေလိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။
"သရဲဈေးဆိုတာ ဘယ်လိုမျိုးလဲ..."
"သရဲဆန်တာပေါ့..."
ကျွမ်းချင်၏ အမူအရာက မပြောင်းပါချေ။
"သိပ်ပြီး စိတ်ဝင်စားစရာမကောင်းပါဘူး..."
"အိုး..."
ဖူလီ၏ ခေါင်းက ငုံ့ဆင်းသွားလေသည်။
ကျွမ်းချင်၏ အကြည့်က သူ့ခေါင်းပေါ်တွင် စက္ကန့်အနည်းငယ် ရှိနေပြီး နောက်လှည့်ကာ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။
ကျုံးယွမ်ပွဲတော်ကို သရဲပွဲတော်ဟုလည်း ခေါ်ကြပေသည်။ ထိုနေ့တွင် လူများက သူတို့၏ ချစ်ရသူများအတွက် ပူဆွေးကြပြီး စက္ကူငွေများကို မီးရှို့ကာ သူတို့ကို လွမ်းဆွေးကြောင်းပြသကြသည်။ သတ္တမမြောက် ရိုးရာလ၏ ၁၂ရက်မှ ၁၅ရက်နေ့အတွင်းသည် ညအချိန်အတွင်း လမ်းကြားထဲ၌ အမွှေးတိုင်ထွန်သော လူများ၊ ထုံးကျောက်ပေါ်တွင် စက်ဝိုင်းဆွဲကြသူများနှင့် ချစ်ရသူများအတွက် စက္ကူငွေများကို မီးရှို့ကြသူများ ရှိပေသည်။
ထိုအထီးကျန်ကာ ရိုင်းစိုင်းသော တစ္ဆေသရဲများက သူတို့၏ ချစ်ရသူများအတွက် မီးရှို့ပေးသည်များကို လုယူမည်ကို စိုးရိမ်ကြ၍ လူများက ထိုသရဲများကို နှစ်သိမ့်ပေးရန် စက္ကူငွေအပိုများကို မီးရှို့ကြပေသည်။ သို့ဖြစ်၍ ဤသည်မှာ လှည့်လည်နေသော သရဲများအတွက် အချိန်ကောင်းတစ်ခုလည်း ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လက်ဆောင်ပစ္စည်းနှင့် အမွှေးတိုင်ပါ မရသည့် သူတို့အတွက် သုံးစွဲရန် ရိုးရိုးသားသား ပိုက်ဆံရရှိ၍ပင်။
![](https://img.wattpad.com/cover/343576233-288-k91317.jpg)
ESTÁS LEYENDO
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
Ficción General💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...