မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

922 144 7
                                    

Chapter 27

နားမခံနိုင်ခြင်း

သို့ရာတွင် ဤသို့ပြောလိုက်သည်က မည်မျှရယ်စရာကောင်းသည်ဖြစ်စေ ယနေ့ဆက်လက်မတိုက်ခိုက်နိုင်တော့ကြောင့် ချင်ယန်း သဘောပေါက်လိုက်သည်။ ဒဏ်ရာအပြင်းအထန်ရသွားသည့် မျိုးနွယ်တူသုံးယောက်ကို ခါးသက်သက်အပြုံးဖြင့် လှည့်ကြည့်လိုက်သည်။ အကယ်၍ ဆက်လက်တိုက်ခိုက်ပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပါက  မိုးပြာနဂါးများက စီမံခန့်ခွဲရေးဗျူရိုခေါင်းဆောင်ကျွမ်းချင်ကို အနိုင်မယူနိုင်ဟု အားလုံးယုံကြည်သွားပေလိမ့်မည်။ ထိုသို့ဖြစ်လာခဲ့ပါက သူတို့၏ မိုးပြာရောင်နဂါးမျိုးနွယ်က မျက်နှာပျက်ရနိုင်‌သည်။

အကယ်၍ ဆက်လက်တိုက်ခိုက်နေလျှင်လည်း သူတို့နဂါးလေးကောင်အုပ်စုက အရွယ်မရောက်သေးသော နဂါးတစ်ကောင်ကို အနိုင်ကျင့်သည်ဟု  အခြားသောမိစ္ဆာမျိုးနွယ်များက ထင်သွားနိုင်သည်။ ထိုသို့ဖြစ်ခြင်းက ပိုရှက်စရာကောင်းနိုင်သည်။ အရေးကြီးဆုံးအရာမှာ ကျွမ်းချင်ဘက်မှ ရပ်တည်ပေးလိုက်သော ယောင်ကျင့်ကြံသူ၏ခွန်အားကို မတွက်ဆနိုင်၍ မစဉ်းစားပဲ ရန်သွားမစရဲပေ။

ခဏအကြာ လေးလေးနက်နက်တွေးတောပြီးသည့်အခါ ချင်ယန်းက လက်နှစ်ဖက်ကို အုပ်ထားလိုက်ပြီး ပြောလာသည်။

" ကျင့်ကြံသူရဲ့စကားတွေက မှန်ပါတယ်....နဂါးသခင်ကျွမ်းချင် ငါတို့ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့..."

ထိုသို့ပြောပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း ကျွမ်းချင်၏အမြီးဖြင့် လွင့်ထွက်သွားသော ချင်ယွမ်က နဂါးအသွင်ပြောင်းပြီး ကျွမ်းချင်ရှိရာကို တည့်တည့်လာနေသည်။

တစ်စက္ကန့်အတွင်းမှာပင် ကမ္ဘာကြီးက အရောင်ပြောင်းလဲသွားသည်။ မိုးခြိမ်းသံများ မြည်ဟည်းလာပြီး ကောင်းကင်ပေါ်မှ တိမ်တိုက်များက ထူထပ်သိပ်သည်းလာပြီး အရာအားလုံးကို လွှမ်းခြုံသွားသည့် ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်လာသည်။ 

" သေရော..."

အရံအတား၏ အပြင်ဘက်မှ လင်းကွေ၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now