Chapter 105
Imperial MeowAugust 06, 2023
Chapter 105ကျွမ်းချင်က နန်းတော်တံခါးဝတွင် ပွေ့ဖက်နေသည့် နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူ့ရင်ဘတ်ထဲတွင် တစ်စုံတစ်ရာဖြစ်ပေါ်လာပြီးနောက် အနည်းငယ်ယားကျိကျိဖြစ်ကာ နာကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ ရင်ဘတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီး သူ့မျက်နှာက လုံးလုံးလျားလျား အမူအရာကင်းမဲ့နေသည်။
၎င်းက သေးငယ်လှသော နာကျင်မှုမျိုးဖြစ်၍ သူ တောင့်ခံနိုင်ပေသည်။
ဖူလီက သူ့ဆွေမျိုးနှင့် မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သူ၏ ကိစ္စအသေးအဖွဲကြောင့် သူတို့ကြားမှ အခြေအနေကို ဖျက်ဆီးပစ်၍ မဖြစ်နိုင်ပေ။
" ရှောင်လီ ငါ..."
" အစ်မရစ်ငှက် ဘုရင်ကန်းလေ့နဲ့ တခြားလူတွေရော... အစ်မနဲ့တူတူရှိနေတာလား..."
ဖူလီပ သူတို့ထိုနှစ်က အဘယ့်ကြောင့် မသေဆုံးသွားခဲ့ကြောင်းနှင့် ဤနှစ်များထဲတွင် မည်သည့်နေရာသို့ ရောက်နေကြောင်းကို မေးရမည့်အစား အခြားမိစ္ဆာများ၏ တည်နေရာကိုသာ မေးလိုက်သည်။
ကျူးယွဲ့က တိတ်ဆိတ်စွာဖြင့် ခေါင်းခါလိုက်သည်။
" ငါလည်း မသိဘူး..."
သူမက နှစ်၂၀၀၀ခန့် အိပ်မောကျနေခဲ့ခြင်းဖြစ်သည်။ သူမ နိုးထလာချိန်တွင် ရောင်ပြန်မြူတောင်က ဤလောက၌ မရှိတော့ပေ။ သူမ ဖူလီ့ကို ရှာတွေ့ခဲ့သော်လည်း သူ့နားမလာရဲခဲ့ပေ။ ထောင်ဝူက ပြဿနာအကြီးအကျယ်ရှာ၍ ဖူလီနှင့် ကျွမ်းချင်တို့ မတောင့်ခံနိုင်ကြောင်း မြင်သည့်အခါမှသာ ရွေးချယ်စရာမရှိတော့၍ သူမကိုယ်တိုင်ရောက်လာခဲ့ခြင်းဖြစ်သည်။
" အဲ့နှစ်က ဘာတွေဖြစ်ခဲ့တာလဲ... မိစ္ဆာတွေအားလုံး ပြောနေကြတာတော့ အစ်မတို့အားလုံးကို မိုးပြာနဂါးတွေက စားပစ်လိုက်တယ်ဆို... ကျွန်တော် အဲဒါကို မယုံခဲ့လို့ မီကူးသစ်ကိုင်းတွေအများကြီးနဲ့ မီးထွန်းခဲ့ပေမယ့် ဘယ်သူ့ကိုမှလည်း ရှာမတွေ့ခဲ့ဘူး..."
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...