Chapter 162
Imperial MeowAugust 31, 2023
Chapter 162ပိုင်ဇယ်
ခွန်းဖမ်က လူသားလောကရှိ အင်မော်တယ်များအကြောင်း ရေးသားထားသည့် ဝတ္ထုများကို တွေးမိလိုက်သည်။ အဓိကဇာတ်လိုက်အားလုံးက လောကကြီး၏ ကယ်တင်ရှင် သို့မဟုတ် အသန်မာဆုံးလူ မဖြစ်လာမီအချိန်တွင် အတိဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ရတတ်ပေသည်။
" ဒါလည်း ကောင်းတာပါပဲ..."
" မင်းက မကောင်းဆိုးဝါးသားရဲဆိုတော့ လူသားလောကရဲ့ သက်ရှိတွေ သေတဲ့ရှင်တဲ့ကိစ္စက မင်းနဲ့ မဆိုင်ဘူးလို့ မကြာမကြာပြောဖူးတယ်မလား..."
ကုန်းဖုက အပြံးမမည်သော အပြုံးတစ်ခု ပြုံးလိုက်သည်။
" ဘာလို့ အခုမှ စိုးရိမ်နေတာလဲ..."
" ငါ ဒီတိုင်းပဲ ကြုံရာမေးခွန်းတစ်ခုတစ်လေတောင် မေးလို့မရဘူးလား..."
ခွန်းဖမ်၏ ပါးပြင်က အနည်းငယ်နီရဲသွားသည်။ သူ ခေါင်းလှည့်ပြီး ပြောလိုက်သည်။
" သူတို့ သေသေရှင်ရှင် ဘယ်သူဂရုစိုက်လို့လဲ..."
" အိုး အဲ့လိုမျိုးလား..."
ကုန်းဖုက ဝတ်ကျေတန်းကျေပုံစံဖြင့် ခေါင်းညိတ်ပြလိုက်သည်။
" အဲဒါက ဘယ်လိုအမူအရာမျိုးလဲ...ငါ အဲ့လိုပဲတွေးတယ်ဆိုတာ ပြောပြနေတာလေ..."
ခွန်းဖမ်က စကားပြောနေရာမှ ရုတ်ချည်းရပ်တန့်သွားပြီး အနံ့ခံလိုက်ကာ တအံ့တဩဖြင့် ပြောလိုက်သည်။
" ပိုင်ဇယ်ရဲ့အနံ့ပါလား..."
" ပိုင်ဇယ်လား..."
ကုန်းဖု မတ်တပ်ထရပ်လိုက်သည်။ သူ့လက်ပေါ်မှ လက်ဖက်ရည်များက ကြမ်းပြင်ပေါ် မှောက်ကျသွား၍ ကော်ဇောက စိုရွှဲသွားသည်။
" မင်း အနံ့ခံတာမှားနေတာ မဟုတ်ဘူးလား..."
" မဖြစ်နိုင်ဘူး...အဲ့ ရွံစရာကောင်းတဲ့အကောင် ရေမွှေးဆွတ်ထားတယ်ဆိုရင်တောင် ငါအနံ့ခံနိုင်တယ်..."
ခွန်းဖမ် အပြင်ထွက်သွားသည်။
" နေဦး..."
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...