Chapter 95
Imperial MeowAugust 03, 2023
Chapter 95ဤကိစ္စက ကျွမ်းချင်နှင့်မဆိုင်ဟု ခွန်းဖမ်ပြောလိုသော်လည်း တည်ကြည်လေးနက်နေသည့်အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ သူ မပြောရဲတော့ပေ။ သို့ဖြစ်၍ သူ ကုန်းဖုဘက်ကို လှည့်ကြည့်လိုက်သည်။ အရှက်မဲ့လှသော ကုန်းဖုက ခေါင်းငုံ့ပြီး တိတ်ဆိတ်စွာဖြင့် ကြမ်းပြင်ပေါ်မှ ဖရုံစေ့များကို ကောက်နေသည်။
ဒီလူကောင်းယောင်ဆောင်ထားတဲ့ မင်္ဂလာသားရဲက ဘယ်လိုဟန်ဆောင်ရမယ်ဆိုတာ သိသားပဲ...
" နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
ကျွမ်းချင်က တံခါးပြန်ပိတ်လိုက်ပြီးနောက် ဖူလီရပ်နေသည့် လှေကားနားကို ပြန်လျှောက်လာလိုက်သည်။
" သွားကြစို့..."
" ဘယ်သွားမလို့လဲ..."
ဖူလီက သူ့အခန်းတံခါးဘက်ကို ခေါင်းပြူကြည့်လိုက်သည်။
" ကုန်းဖုနဲ့ ဘာတွေပြောခဲ့တာလဲ..."
" ဘာမှသိပ်မပြောခဲ့ပါဘူး... ဘဝရဲ့ သဘောတရား အတွေးအမြင်တွေလောက်ပဲ ပြောပြခဲ့တာ..."
ကျွမ်းချင်၏ အမူအရာက ခက်ထန်နေသည်။
" ငါ မင်းကို ညစာလိုက်ကျွေးမယ်..."
" ဘယ်မှာလဲ..."
ကျွမ်းချင်က အချိန်မည်မျှရနိုင်သည်ကို တွက်ချက်လိုက်သည်။
" ဒီနေ့က အထူးတလည်နေ့ မဟုတ်ဘူးဆိုတော့ ပုံမှန်ညစာပဲ စားကြတာပေါ့..."
" ဒါဆိုရင် ညဇီးကွက်စားသောက်ဆိုင်ကိုပဲ သွားကြမယ်လေ... သူက ဈေးလည်းချိုတယ် အရသာလည်းရှိ မင်းလည်း အဲ့ကဟင်းတွေ သဘောကျတယ်မလား..."
" ငါ အဲ့ဆိုင်မှာစားရတာ သဘောကျတယ်လို့ မင်းကို ဘယ်သူပြောလဲ..."
ကျွမ်းချင်က ပြန်မေးလာသည်။
" ပြောစရာလိုသေးလို့လား မင်းကိုကြည့်တာနဲ့ သိတာကို..."
ကျွမ်းချင်က တစ်ခဏတာခန့် စိုက်ကြည့်နေပြီးမှ အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...