Chapter 136
Sue Xing NwayAugust 23, 2023
Chapter 136ငါ အိမ်ဝယ်လိုက်တယ်
နှင်းထဲမှ စပါးပင်အသစ်များ ပေါက်လာသည့်သတင်းက နောက်ဆုံးတွင် အင်တာနက်ပေါ်၌ အဓိပ္ပါယ်များစွာဖြင့် ပျံ့နှံ့လာသည်။ တချို့က လယ်ကွင်းပိုင်ရှင်က ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သည်ဟု ပြောကြသော်လည်း အချို့ကမူ သုတေသနပြုလုပ်ထားသည့် ရာသီချိန်မဟုတ်သော စပါးများဟု ပြောကြသည်။ အင်တာနက်အသုံးပြုသူများက မည်မျှပင် ဖော်ညွှန်းစေကာမူ မည်သူကမှ ရွှေရောင်စပါးပင်များက နှင်းထဲမှ ပေါက်လာကြောင်း မယုံကြည်ကြပေ။ သူတို့ပြုလုပ်နိုင်သည်မှာ ဤကိစ္စကို ဖျော်ဖြေရေးတစ်ခုဟုသာတွေးပြီး အနည်းငယ်ဟာသပြုလုပ်ကြရုံဖြစ်သည်။
အင်တာနက်နည်းပညာများ ပိုမိုတိုးတက်လေ သတင်းများ အင်တာနက်ပေါ်ပျံ့နှံ့သည့် အရှိန်နှုန်းက ပိုမိုမြန်ဆန်လာလေဖြစ်သည်။ ရံဖန်ရံခါတွင် အင်တာနက်နှင့် ရက်အနည်းငယ် အလှမ်းဝေးသွားရုံဖြင့် အချို့သော ဗန်းစကားများကို နားမလည်နိုင်တော့ပေ။ ဤကဲ့သို့သော သတင်းမျိုးက အနုပညာရှင်တစ်ယောက်၏ အတွင်းရေးသတင်းနီးပါး ဆွဲဆောင်မှု မရှိ၍ အင်တာနက်အသုံးပြုသူများက ဤကိစ္စကို ဘေးဖယ်ထားလိုက်ကြသည်။
အင်တာနက်အသုံးပြုသူများက အပျော်သဘောဟုတွေး၍ ဤကိစ္စကို မေ့မေ့လျော့လျော့ဖြစ်လာချိန်တွင် ဤကိစ္စကို အနီးကပ်လေ့လာနေသည့် အချို့သော အဆင့်မြင့်ဌာနများက မေ့လျော့သွားသည်ဟု မဆိုလိုပေ။
အစားအစာဆိုတာ လူသားတွေရဲ့ နတ်ဘုရားပဲ... ဒီလို ဒဏ္ဍာရီလာစွမ်းရည်မျိုးကို ဘယ်သူက အရေးမကြီးဘူးလို့ သတ်မှတ်ထားမှာလဲ...
အားလုံးက ကျွမ်းချင်၏ စုံစမ်းစစ်ဆေးမှုကို စောင့်ဆိုင်းနေကြပြီး များပြားလှသောဌာနများကလည်း ဤစုံစမ်းစစ်ဆေးရေးတွင် ဖြစ်ပေါ်လာမည့် အခက်အခဲများကိုပါ အားသွန်ခွန်စိုက် ပူးပေါင်းဖြေရှင်းပေးမည်ဟု ဆိုလာကြသည်။
သို့ရာတွင် သူတို့ရက်ပေါင်းများစွာ စောင့်ဆိုင်းနေသော်လည်း ကျွမ်းချင်ထံမှ မည်သည့်သတင်းမှ မရရှိပေ။ အလုပ်လုပ်သည့်စွမ်းရည်မြင့်မားသော ကျွမ်းချင်က ရလဒ်တစ်ခုမှ မရရှိခြင်းအပေါ် အားလုံးက တအံ့တဩဖြစ်နေကြသည်။

BẠN ĐANG ĐỌC
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
Tiểu Thuyết Chung💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...