မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

642 119 2
                                    

Chapter 114
Imperial MeowAugust 06, 2023
Chapter 114

အလေ့အကျင့်



" ငတုံးတွေချည်းပဲ..."

ဝတ်ရုံပြည့်လူက လေကိုဆွဲလိုက်သည့် အမူအရာလုပ်လိုက်သည့်အခါ လူနှစ်ယောက်ကို မမြင်ရသည့် ကြိုးတစ်ချောင်းဖြင့် ရစ်ပတ်ထားသကဲ့သို့ သူ့ထံသို့ ဆွဲခေါ်ခံလိုက်ရသည်။

" ငါ အစာစားနေချိန် နှောင့်ယှက်ခံရတာကို အမုန်းဆုံးပဲ..."

ဝတ်ရုံပြည့်လူက ထိုလူနှစ်ယောက်ကို အထင်အမြင်သေးစွာဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ ခရုစုပ်ငှက်ကို တည့်တည့်ကြည့်လိုက်သည်။ သူ့လက်တစ်ဖက် ဆန့်ထုတ်လိုက်သည့်အခါ ခရုစုပ်ငှက်၏လည်ပင်းကို အလွယ်တကူ ဆုပ်ကိုင်၍ ရသွားသည်။

" မင်းတို့အရှေ့တိုင်းက မိစ္ဆာတွေက တကယ်ကို လူဖျင်းလူညံ့တွေပဲ... မင်းတို့အားလုံးကိုသုတ်သင်ပစ်ရမှာ နေပူဆာလှုံတာထက်တောင် ပိုလွယ်သေးတယ်..."

ဝတ်ရုံပြည့်လူက ချောမောခံ့ညားသော်လည်း သူ၏လက်လှုပ်ရှားမှုများက သိမ်မွေ့မှု ရှိမနေပေ။  သူက ခရုစုပ်ငှက်၏ဆံပင်ကို ဆောင့်ဆွဲထားပြီး အခြားတစ်ဖက်က ပခုံးနှစ်ဖက်ကိုကိုင်ထားကာ လည်ပင်းမှကိုက်ပစ်ရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်အကြာတွက် စွမ်းအားလှိုင်းတစ်ခုက သူ့ကို လွင့်ထွက်သွားအောင် ပြုလုပ်လိုက်သည်။

လေလုံးထွားနေသည့် ရွံစရာလူတစ်ယောက်အဖြစ် ပြုမူနေသော ဝတ်ရုံပြည့်လူက ရုတ်တရက် လွင့်ထွက်သွားချိန်တွင် ဗလတောင့်တောင့်လူနှစ်ယောက်က ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူ လွင့်သွားသည့်အမြင့်က ၇မီတာ ၈မီတာခန့်အထိ ရှိပေသည်။

ဝူရှကားကို ဘတ်ဂျတ်နည်းနည်းနဲ့ ရိုက်နေတာကို မြင်နေရတာများလား... လူတစ်ယောက်က အရွယ်ရောက်ပြီးသား ယောကျာ်းသားတစ်ယောက်ကို ခြေထောက်နဲ့ တစ်ချက်ကန်လိုက်ရုံနဲ့ အဲ့လောက်အထိ လွင့်သွားရလား... ကြောက်စရာကြီးဟ...

ရုတ်ချည်းထွက်ပေါ်လာသည့် လူငယ်လေးကိုကြည့်ပြီး သူတို့၏ လောကကြီးအပေါ်အမြင်က ပြိုလဲသွားသည်ဟု ခံစားလိုက်ရသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now