chapter 180

343 75 0
                                    

Chapter 180
Sue Xing NwaySeptember 01, 2023
Chapter 180





" လက်အောက်ငယ်သားတဲ့လား..."

ဖူလီက မေးငေါ့လိုက်ပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

" ထွက်သွားစမ်း မင်းလိုမျိုး အမွေးမရှိဘဲ ရုပ်ဆိုးတဲ့ ယောင်ကျင့်ကြံသူမျိုးကို ငါ့ရဲ့ လက်အောက်ငယ်သားအဖြစ် မလိုချင်ပါဘူး..."

သူ့မှတ်ဉာဏ်များကို အရပ်မျက်နှာအနှံ့မှ ပြည့်လျှံကျလာသည့် အမုန်းတရားများဖြင့် ဖိနှိပ်ခံထားရသော်လည်း မြွေကဲ့သို့သတ္တဝါများကို မုန်းတီးခြင်းအား သူ့ခန္ဓာကိုယ်က မှတ်မိနေဆဲဖြစ်သည်။

သူဆင့်ခေါ်ထားသည့် မိစ္ဆာဧကရာဇ်က အများနှင့်မတူ တစ်မူထူးခြားသည့် အကျင့်စရိုက်မျိုး ရှိလိမ့်မည်ဟု  ကျို့ယင်း မထင်ထားခဲ့ပေ။ သို့ရာတွင် မကြာမီအချိန်၌ မိစ္ဆာဧကရာဇ်က လောကကြီးကို ဖျက်ဆီးတော့မည့်အကြောင်း တွေးမိသည့်အခါ ခါးကိုင်းညွှတ်၍ အရိုအသေပေးလိုက်ပြီး ဘေးတစ်ဖက်ကိုဆုတ်သွားလိုက်သည်။

ဖူလီက သူ့ကိုတစ်ချက်မှ လှည့်မကြည့်ဘဲ အစီအရင်၏ အလယ်ဗဟိုကို ထွက်သွားသည်။ ကျို့ယင်းက ပြုံးရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

နောက်ဆုံးတော့ နောက်ဆုံးတော့ သူ အဲဒီနှစ်တွေက ခံစားခဲ့ရတဲ့ အရှက်ကွဲမှုတွေအတွက် လက်စားပြန်ချေနိုင်တော့မယ်...

လွန်ခဲ့သော နှစ်တစ်သောင်းခန့်က လူသားမျိုးနွယ်စုတစ်ခုကြောင့် ဒဏ်ရာရခဲ့ပြီး မှော်ကိရိယာများ၏ ဖိနှိပ်မှုအောက်တွင် ဒြပ်စင်ငါးခုကြောင့် ဖိနှိပ်ခံခဲ့ရသည်။ အကယ်၍ ဤနေရာမှ လွတ်မြောက်နိုင်မည်ဆိုပါက လူသားအားလုံးကို သတ်ဖြတ်ပစ်မည်ဟု ကျိန်ဆိုခဲ့သည်။

" ဖူလီ မင်းသွားလို့ မဖြစ်ဘူး..."

ကျွမ်းချင်က တွေးတောမနေတော့ဘဲ ဖူလီ့လက်မောင်းကို လှမ်းဆွဲထားလိုက်သည်။ အစီအရင်ထဲမှ အမုန်းတရားက တဖြည်းဖြည်းတိုးလာသည်။ အတွင်းမှ မရေမတွက်နိုင်သည့် မချိတင်ကဲငိုယိုသံများထွက်လာပြီး တောင်တစ်ခွင်ကို ပဲ့တင်ထပ်နေသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now