Chapter 129
Sue Xing NwayAugust 15, 2023
🐰Chapter 129🐉စီမံခန့်ခွဲရေးဗျူရို၏ မြေအောက်မှ မည်းမှောင်နေသော ဝိညာဉ်အစီအရင်ထဲတွင် ကျွမ်းချင်က နံရံပေါ်မှ မီးခလုတ်ကိုဖွင့်လိုက်ပြီးနောက် ဖေးယီကို ဝိညာဉ်ပိတ်လှောင်အစီအရင်ထဲတွင် အကျဉ်းချထားလိုက်သည်။ ဤနေရာတွင် စွမ်းအားကြီးသော အရံအတားတစ်ခု ရှိနေ၍ ဖေးယီက မည်မျှစွမ်းအားကြီးစေကာမူ ပြင်ပလောက၏ ရာသီဥတုအခြေအနေကို လွှမ်းမိုးနိုင်မည် မဟုတ်ပေ။
ဖေးယီက ရေခဲထဲတွင် အချိန်အတန်ကြာအောင် အခဲခံထားရခြင်းဖြစ်သည်။ အစီအရင်ထဲ ပိတ်လှောင်ပြီးသည့်အခါ ရုန်းကန်ရန်ပင် အလွန်အားနည်းနေပြီဖြစ်သည်။ သူ၏ အမြီးနှစ်ချောင်းကသာ အနည်းငယ်လှုပ်ရှားနိုင်တော့သည်။ ဖေးယီမျိုးနွယ်က ဟွင်းရှီတောင် သို့မဟုတ် ထိုက်ဟွားတောင်တွင် မွေးဖွားစဉ်ကတည်းက နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုက်ဟွားတောင်ပေါ်တွင် နေထိုင်သည့် ဖေးယီများက အတောင်ပံများရှိ၍ ပျံသန်းနိုင်ကြပြီး ဟွင်းရှီတောင်ပေါ်မှ ဖေးယီများမှာမူ ပိုမိုသန်မာသည့် ခန္ဓာကိုယ်နှစ်ခု ရှိကြသော်လည်း အတောင်ပံများ မရှိပေ။ ထိုမျိုးနွယ်နှစ်ခုလုံးက သင့်မြတ်မှု မရှိကြသည့်အပြင် တစ်ဖက်ကိုတစ်ဖက် အထင်အမြင်သေးကြသည်။
ယခုနောက်ပိုင်းတွင် ရာသီဥတုအခြေအနေက တဖြည်းဖြည်းဆိုးဝါးလာသည်။ တစ်နေ့ထက်တစ်နေ့ ပိုမိုအေးလာသောကြောင့် ဖေးယီအများစုက အအေးဒဏ်ခံရပြီး သေဆုံးသွားကြသည်။ ထို့နောက်တွင် ဟွင်းရှီတောင်ပေါ်မှ ဖေးယီများက ထိုက်ဟွားတောင်မှ ဖေးယီများအကြားကို ထပ်မကြားရတော့ပေ။
ဟွင်းရှီတောင်ပေါ်တွင် တစ်ကောင်တည်းသာ ကျန်ရစ်တော့သည့် ဖေးယီက ကျွမ်းချင် သတ္တိရှိစွာဖြင့် ဖမ်းယူခဲ့သော ဖေးယီဖြစ်နေသည်။ သူက နေ့ရက်တိုင်းကို နေပူဆာလှုံခြင်း အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးနေသည်။ လွန်ခဲ့သော နှစ်လခန့်က သူရုတ်ချည်း သတိမေ့သွားခဲ့သည်။ ပြန်နိုးလာချိန်တွင်မူ တည်နေရာအသစ်ကို ရောက်နေပြန်သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ခန့်က စီနီယာတစ်ယောက်က သူ့စိတ်ဆန္ဒနှင့် ဆန့်ကျင်စွာဖြင့် တောင်ပေါ်မှ ထွက်သွားပြီးသည့်နောက်တွင် နေရောင်အောက်၌ ပြာမှုန်ဘဝရောက်သွားခဲ့ရသည်။ ဟွင်းရှီတောင်က ဖေးယီများက ထိုကိစ္စအကြောင်း ကြားသည့်အခါ တောင်ပေါ်မှ ထွက်မသွားရဲတော့ပေ။ ထိုအကြောင်းကြောင့် သူတို့က လူသားများနှင့် မိစ္ဆာများအကြား ဖြစ်ပေါ်ခဲ့သည့် ကသောင်းကနင်းဖြစ်မှုများကို ရှောင်ကြဉ်နိုင်ခဲ့ပြီး နှစ် ၂၀၀၀ ၃၀၀၀ခန့် အေးချမ်းစွာ နေနိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်မှစပြီး ရာသီဥတုက တဖြည်းဖြည်းအေးစက်လာပေသည်။ ဟွင်းရှီတောင်ပေါ်မှ ယောင်ကျင့်ကြံသူများက ဤကပ်ဘေးကြီးကို မရှောင်ရှားနိုင်သောကြောင့် တဖြည်းဖြည်းသေဆုံးသွားကြသည်။
YOU ARE READING
မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း
General Fiction💥New BL Coming Soon Title- Don't Discriminate Against Species Description ဖူလီက လောကကြီးကို မမြင်တွေ့ဖူးသော ကျေးလက်ဒေသမှ မိစ္ဆာလေးတစ်ယောက်ဖြစ်ခဲ့သည်။ မြို့သို့တက်လာပြီးသည့်အခါ သူ၏အကြီးမားဆုံးအိမ်မက်က အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်လာပြီး သမိုင်းမှတ်တမ...