Chapter 2

2.5K 259 0
                                    

Chapter 2

ရှပ်အင်္ကျီအဖြူ၏လက်ထိပ်များကို သပ်သပ်ရပ်ရပ်ခေါက်ထားသည်က သူ့လက်ကောက်ဝတ်များကို နဂိုထက်သေးသွယ်သွားစေ၏။ ဖြူဖွေးသည့် အသားအရည်ကြောင့် သူ၏လက်အနောက်ဘက်မှာ အနည်းငယ် နီညိုရောင်သန်းနေသည်။ လက်ဆစ်များမှာ ကောင်းစွာပေါ်လွင်နေကာ၊ လက်သည်းအား သေသေသပ်သပ် ၀ိုင်း၀ိုင်းလေးညှပ်ထားသည်မှာ ကောင်းစွာဖန်တီးထားသောအနုပညာလက်ရာတစ်ခုအလားပင်။

ရွှီလော့ယန်က အချိန်အတော်ကြာသည့်အထိ အကြည့်မလွှဲနိုင်ခဲ့ပေ၊

အဲ့ဒါက ....အဲ့ဒါက အရမ်းလှလွန်းတယ်...

ချီချန်အန်းက သူရယ်နေတာအား ဖမ်းမိသွားသည်ဟု ထင်လိုက်သည့်အတွက် သဘာ၀ကျကျပင် အကြောင်းအရာပြောင်းလိုက်တော့သည်။

"ကိုယ် ရေချိုးခန်းသုံးလို့ရမလား လေယာဉ်ပေါ်ကဆင်းပြီးတာနဲ့ ဒီကိုဘတ်စ်ကားနဲ့ တန်းလာခဲ့တော့ ကိုယ်ချွေးတွေရွှဲနေပြီ"

ရွှီလော့ယန်ကလည်း ဤအပိုင်းအားကျော်သွားစေလိုသည်ဖြစ်ရာ၊ သူက ချီချန်အန်းအား အလျင်အမြန်ပင် ရေချိုးခန်းထဲသို့ ခေါ်သွားလိုက်တော့သည်။ 

ရေချိုးခန်းထဲကရေသံထွက်လာချိန်မှာတော့ ရွှီလော့ယန်က ဆိုဖာပေါ်ပြန်ထိုင်ပြီး မျက်နှာကျက်ကိုကြည့်ကာ၊ သူ့ခေါင်းအားသုတ်ထားသည့်မျက်နှာသုတ်ပဝါနှင့် သူ့မျက်နှာကိုအုပ်ကာ၊ စိတ်ထဲမှ အော်ဟစ်နေမိသည်။

အဲ့ဒီတော့ ချီချန်အန်းက ငါ့ကို ယုံတာလား မယုံတာလား ငါပုံမှန်ဆို ဒီလိုမဟုတ်ပါဘူး...

ငါလည်း မျက်နှာရချင်တာပဲလေ...

မိနစ်အနည်းငယ်ကြာသည့်အခါ တံခါးပိတ်သံကြားလိုက်ရသဖြင့် ရွှီလော့ယန်က သူ့မျက်နှာပေါ်မှပုဝါကို အမြန်ဆွဲချလိုက်ကာ လေးထောင့်ပုံစံဖြစ်အောင် ခေါက်ပြီး သူ့ဘေးမှာ ထားလိုက်သည်။

"ခင်ဗျား ရေချိုးပြီးသွားပြီလား"

"အင်း ပြီးပြီ"

ချီချန်အန်းက အဖြူရောင်ရှပ်အင်္ကျီကို ၀တ်ဆင်ထားပြီး ရွှီလော့ယန်အနားရှိ ဆိုဖာပေါ်တွင် ထိုင်ကာ၊ စိုစွတ်နေသေးသည့်ခန္ဓာကိုယ်ဖြင့် သူ့လက်ထဲမှပုဝါနှစ်ထည်အား မြှောက်ပြကာ၊ "ကျေးဇူးပဲ ကိုယ် ဒီကို အဝတ်အစားနည်းနည်းပဲ ယူလာတာ  ကျန်တာဘာမှမယူလာမိဘူး"

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now