Chapter 103

371 59 2
                                    

🍬Chapter 103

နှစ်ယောက်သား ရေချိုးမပြီးခင်အထိ တစ်ယောက်နှင့်တစ်ယောက် တွန်းတိုးပွတ်သပ်ကာ စနောက်နေကြသေးသည်။ရွှီလော့ယန်က ပြတင်းပေါက်အနားမှာရှိတဲ့ သစ်ငုပ်တိုလေးဖြင့်လုပ်ထားတဲ့ ခွေးခြေခုံပုလေးပေါ်မှာထိုင်နေပြီး ပြတင်းပေါက်အပြင်ကရှုခင်းတွေကိုကြည့်နေကာ ချီချန်အန်းပေးတဲ့ ဆံပင်အခြောက်ခံတဲ့ ဝန်ဆောင်မှုကို ပျော်ပျော်ကြီး ခံစားနေလေသည်။

"ချန်အန်း ၊ငါတို့ဘယ်ချိန်ပြန်ကြမှာလဲ"

"ကိုယ်တို့ ဒီနေ့နေ့လည် ဒါမှမဟုတ် မနက်ဖြန်မနက်မှပြန်လို့ရတယ်"

ရွှီလော့ယန်က သူ့လက်ချောင်းတွေကိုသုံးကာ တွက်ချက်လိုက်ပြီး "အ​​ခြေခံအားဖြင့်တော့ ဒီကိုရောက်ဖို့ လေးနာရီလောက်ကြာတယ် မနက်ဖြန် မနက်မှ ထွက်မယ်ဆိုရင် နေ့လည်အထိ ဟိုတယ်ကို ရောက်မှာ မဟုတ်ဘူး..."

ရက်စက်ကြမ်းကြုတ်သောအဖြစ်မှန်ကိုရင်ဆိုင်ရင်း သူသက်ပြင်းချလိုက်ပြီး "ဒီနေ့နေ့လည်ထွက်ရတော့မယ် ထင်တယ်"

ချန်အန်းကဆံပင်ခြောက်လုနီးပါးဆိုတာ သေချာစေရန် သူ့လက်ချောင်းတွေဖြင့်ထိုးဖွလိုက်ပြီး ပုဝါကို သူ့ဘေးရှိ ကုလားထိုင်ကျောမှီတွင် ချထားကာ "ဒီမှာနေရတာ ကြိုက်လား"လို့ မေးလာသည်။

"အင်း ငါအရမ်းကြိုက်တယ်"

ရွှီလော့ယန်က သူ့ကိုမော့ကြည့်လိုက်ပြီး "ကမ္ဘာကြီးနဲ့ဝေးကွာပြီး နှစ်ယောက်ထဲရှိတယ်လို့ ခံစားရတာအရမ်းမိုက်တယ်၊ ပြီးတော့ ဇာတ်လမ်းတော်တော်များများမှာ အစွမ်းထက်တဲ့ဇာတ်ကောင်တွေက တောထဲမှာပဲနေကြတာများတယ်လေ"

"ဒါဆို မင်းလာချင်တဲ့ အချိန်တိုင်း ကိုယ်တို့လာကြမယ်"

"ကောင်းပြီ" ရွှီလော့ယန်က အလွန်ဝမ်းသာသွားပြီး " ချန်အန်း မင်းဒီနေရာကို ဝယ်ထားတာလား"

"အင်း၊ကိုယ် မင်းနာမည်နဲ့ဝယ်ခဲ့တာ၊ ဒီကိုပုံမှန်လာပြီး ထိန်းသိန်းပေးမဲ့သူလည်းရှိတယ်"

သူကခွက်တစ်ခုကိုယူကာ ရွှီလော့ယန်နှုတ်ခမ်းနားကပ်ပေးပြီး ရေသောက်စေပြီးနောက်"ကိုယ်တို့ နေလည်စာအတွက် အောက်ကိုခဏဆင်းကြမယ်"

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now