Chapter 82

521 87 0
                                    

Chapter 82

ထုတ်လွှင့်ခြင်းမပြုမီ၊ အစီအစဉ်မှ ပါ၀င်သူဧည့်သည်အားလုံးကို Weibo တွင် ပရိုမိုးရှင်းပြုလုပ်ရန် တောင်းဆိုခဲ့ပြီး ရွှီလော့ယန်မှ တရားဝင်ပိုစ့်ကို အမြန်Forwardလုပ်ပေးလိုက်သည်။ 

တစ်မိနစ်မပြည့်ခင်မှာပင် ချီချန်အန်းက သူ့ရဲ့ Weibo ကို၀င်ပြီး "အတူတူကြည့်ကြရအောင်"  / / @ရွှီလော့ယန်: ညနေ ရှစ်နာရီကျရင် အစီအစဉ် ကြည့်ဖို့ နှိုးစက်သေချာ ငါပေးထားတယ် “
    
ကြေငြာချက်ကို အမှီတင်ပေးပြီးနောက်၊ ရွှီလော့ယန်က အစီအစဥ်မစတင်မီ အချိန်မှီအောင် အိမ်ကိုအမြန်ပြေးလိုက်ရသည်။
    
ဗီဒီယိုခန်းထဲမှာ ချီချန်အန်းက ဆိုဖာပေါ်မှာ ထိုင်နေပြီး သူ၀င်လာသည်နှင့်ဘေးကနေရာလွတ်ကို အသာပုတ်ပြလိုက်၏။ 

"နျောင်နျောင် ဒီကိုလာ"
    
ရွှီလော့ယန်က ၀င်ထိုင်လိုက်ပြီး စတော်ဘယ်ရီသီးစားရန် လှမ်းယူလိုက်ပြီးနောက် ချိုလွန်းသည်ဟု ခံစားမိသဖြင့် ချီချန်အန်းကို နောက်တစ်လုံး ခွံ့ကျွေးလိုက်သည်။
    
ချီချန်အန်းက သူ့နှုတ်ခမ်းထောင့်စွန်းကို အသာပင့်မြှောက်လိုက်ပြီး "အရသာရှိတယ်" 

သူ့အသံကအနည်းငယ်တိုးလျနေပြီး ချော့မော့နေသည့်အသံမျိုးပေါက်နေသဖြင့် ရွှီလော့ယန်ရဲ့အမြီးလေးမှာမြှောက်တတ်သွားရသည်။
   
"ကျွန်တော်က ကျွန်တော့်ထက် အသက်အများကြီးကြီးတဲ့သူကို ကလေးလေးလိုကျွေးရမှာပေါ့"

ရွှီလော့ယန်ကသူ့သွားဖြင့် စတော်ဘယ်ရီသီးကို ကိုက်ပြီး ချီချန်အန်း၏နူတ်ခမ်း၀သို့ နူတ်ခမ်းခြင်းထပ်၍တွန်းထည့်ပေးလိုက်သည်။  သူတို့နှစ်ဦးက စတော်ဘယ်ရီသီးရဲ့အရသာကိုကို မျှဝေရင်း သဘာဝကျကျပဲ နက်ရှိုင်းတဲ့အနမ်းဆီသို့ဦးဆောင်လိုက်ကြသည်။

သို့သော်၊ ချီချန်အန်းရဲ့အဝတ်အစားတွေထဲသို့ လက်၀င်ကာ ယင်းကို နှစ်ကြိမ်လောက်ထိတွေ့ပြီးနောက် ရွှီလော့ယန်ကအသက်ရှုကြပ်လာမသဖြင့် ပြန်၍မတ်မတ်ထိုင်လိုက်ရသည်။ 

"နောက်မှ ဆက်ကြရအောင်လေ အစီအစဉ်ကို အရင်ကြည့်ကြတာပေါ့ မင်းနဲ့အတူ ပထမဆုံးအကြိမ် ရိုက်ကူးခဲ့တဲ့အစီအစဥ်ဆိုတော့လေ"
   
"ကောင်းပြီလေ" 

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now