Chapter 114

375 59 0
                                    

🍬Chapter 114

ချီချန်အန်းက သူ့ခေါင်းဖျားလေးကို နမ်းလိုက်ပြီး မေးသည်။

"တကယ် မရတော့တာလား"

သူ့အသံမှာ စနောက်နေဟန်ရှိပြီး ဝိုင်ကောင်းကောင်းတစ်ခွက်လို လူကို မူးယစ်ရီဝေစေ၏။

"တကယ်"

ရွှီလော့ယန်က ပြတ်သားစွာပြောလိုက်သည်။

သူက လိမ္မော်သီးက စားရသည်မှာ လုံးဝ အရသာမရှိဟု ခံစားရသည်။ သူက အောက်မှာနေရသည်ကိုသာ သဘောကျ၏။

စောစောက သူတို့ မီးဖိုချောင်မှာလုပ်ခဲ့သလိုမျိုးပေါ့...

ထို့နောက်၊ သူက  တွေးတောနေရင်း ချီချန်အန်းပေါ်၌ ပြန်လည်လှဲလျောင်းလိုက်ပြီး

" ငါ့ကို ဆုချီးမြင့်ပေးဖို့အကြံကို ဘယ်လိုဖြစ်ပြီးတွေးမိသွားတာလဲ..." 

ချီချန်အန်းက လှေကားထစ်တွေပေါ်တက်ပြီး စင်မြင့်အလယ်ကို ဖြည်းညှင်းစွာ လျှောက်လှမ်းခဲ့တဲ့ မြင်ကွင်းကို ပြန်ပြောင်းသတိရသွားသည့်အခါ၊ သူ့ရင်ခုန်သံများ မြန်ဆန်လာရသည်။

"ဒါ့ထက်၊ ဆုရတဲ့သူက ငါမဟုတ်ရင်ကော၊ ရှက်စရာကြီးဖြစ်သွားမှာမဟုတ်လား"

ချီးချန်အန်း၏ ပြန်ဖြေသံက အလွန်အမင်းယုံကြည်ချက်ရှိစွာနှင့်။

"ဆုရနိုင်တဲ့လူက မင်းတစ်ယောက်တည်းပဲ...ဆန်ကာတင်စာရင်းဝင် ဇာတ်ကားတွေကို ကိုယ်ကြည့်ပြီးသွားပြီ၊ တစ်ယောက်မှ မင်းနဲ့ မယှဉ်နိုင်ဘူး..."

ရွီလော့ယန်က ထိုစကားကို ကြားရသည်ကို သဘောကျသော်လည်း၊ သူက ရိုးသားချင်ယောင်ဆောင်လိုက်ပြန်၏။

"မဟုတ်ဘူး၊ မဟုတ်သေးဘူး၊ မင်းက ချစ်သူကောင်လေး filter ကို သုံးထားတာအသိသာကြီးကို..."

"အခြားအကြောင်းပြချက် မရှိပါဘူး၊ မင်းက အဲ့ဒီလိုမျိုး လူတော်လူကောင်းလေးဖြစ်နေလို့လေ"

အခြားသူများ သတိထားမိချင်မှ သတိထားမိမည်။ သို့သော်၊ချီချန်အန်းက သိနေ၏။  

"မတူညီသော လမ်းနှစ်သွယ်" မှ "ယိုယွင်းနေသောကမ္ဘာကြီး"ကို ရိုက်ကူးနေသည့် အချိန်အတွင်း၊ ရွှီလော့ယန် မည်မျှတိုးတက်ခဲ့သည်နှင့်  "အချိန်အား ပြောင်းပြန်လှန်ခြင်း" တွင်လည်း အပါအဝင်၊ ကဏ္ဍတိုင်းတွင် မည်မျှလောက် ကြိုးစားအားထုတ်ခဲ့သလဲဆိုတာကိုပင်။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now