🍬Chapter 53
------------ချီချန်အန်းက စကားတစ်ခွန်းမဆိုဘဲ တိတ်ဆိတ်နေပြီး ဆေးရုံကုတင်ဘေးတွင်သာထိုင်နေကာ သူ့ရဲ့အကြည့်တွေကမူ ဆေးရုံကုတင်ပေါ်မှာ လှဲနေတဲ့ ရွှီလော့ယန်အပေါ်မှာပဲ အာရုံစိုက်ထားသည်။
ကျန်းသုန့် "တိဇီနဲ့ ကျွန်တော်နဲ့က နောက်ဆက်တွဲကိစ္စတွေကို သွားဖြေရှင်းရဦးမှာမို့ မစ္စတာချီ၊လော့ယန်ကို ခင်ဗျားရဲ့လက်ထဲမှာပဲအပ်ခဲ့မယ်နော် "
သူခေါင်းညိတ်ပြတာကိုမြင်ရမှ ကျန်းသုန့်က ဘာမှဆက်မပြောတော့ဘဲ လုတိကိုဦးဆောင်ပြီး သီးသန့်ခန်းထဲက ထွက်သွားလိုက်သည်။
သူတို့ အခန်းထဲက ထွက်လာတော့ လုတိက အနည်းငယ်ချီတုံချတုံဖြစ်နေဟန်ဖြင့်မေးလာ၏။
"ကျွန်တော်မသွားချင်ဘူး၊ ကျွန်တော် ဒီမှာနေပြီးပဲ ရွှီကောကို ဂရုစိုက်ပေးလိုက်မယ်လေ"
ကျန်းသုန့်က သူ့ကို စိုက်ကြည့်လိုက်ပြီး "မင်းကို တစ်ခုလောက်မေးမယ်။ မင်းရဲရွှီကော နိုးလာတဲ့အချိန် သူမြင်ချင်တဲ့ ပထမဆုံးလူက ချီချန်အန်းဖြစ်မယ်ထင်လား မင်းဖြစ်မယ်ထင်လား"
"………"
အဖြေမှန်ကအရမ်းကိုနာကျင်ရတာကြောင့် လုတိပြန်ဖြေဖို့ငြင်းဆန်လိုက်သည်။
ထို့နောက် စကားဝိုင်းရဲ့ ခေါင်းစဉ်ကပြောင်းသွားသည်။
ကျန်းသုန့် "ဒါပေမယ့် ရွှီလော့ယန်၊ ဒီပြဿနာကောင်လေးက ငါ့ကိုဘာမှမပြောဘဲနဲ့ ပြဿနာအကြီးကြီးရှာပေးသေးတယ် ဒါကြီးကသိပ္ပံနည်းမကျလိုက်တာ ဘယ်လိုအကြောင်းကြောင့်များ အဆင့်အတန်းမြင့်တဲ့အပြုအမူမျိုးနဲ့ သူ့ရဲ့အချစ်ကိုဝန်ခံဖို့ အလင်းပွင့်သွားရတာလဲ"
"ဟင်" လုတိက အံ့ဩစွာဖြင့်မေးလိုက်မိသည်။
"ရွှီကောက ဘယ်တုန်းက သူ့အချစ်ကိုဝန်ခံလိုက်တာလဲ"
".....………"
လုတိရဲ့ ပခုံးကို ပုတ်လိုက်ပြီး ကျန်းသုန့်က သက်ပြင်းချလျက်ဆိုလိုက်သည်။
"တိဇီ မင်းဒီလိုပဲ ဆက်လုပ်နေရင် နောက်နှစ်ငါးရာကြာရင်တောင် တစ်ကိုယ်တည်းဖြစ်နေဦးမယ်ဆိုတာ သံသယဝင်စရာမရှိဘူး"
YOU ARE READING
[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်)
RomanceTitle Translations Unicode only Zawgyi ဖတ်ချင်တဲ့သူလေးတွေအတွက် IQ Team tele channel မှာ pdf file တင်ထားပါတယ် All CREDIT TO ORIGINAL AUTHOR