Chapter 98🍬

454 67 1
                                    

🍬Chapter 98

ယခုလိုမျိုး ခွဲခြမ်းစိတ်ဖြာထားတဲ့ ပိုစ့်အရှည်ကြီး ကိုဖတ်ပြီးတဲ့နောက် ရွှီလော့ယန်သာ ဤမတော်တဆမှုကို  ကြိုတင်စီစဉ်ထားပါက လူခွဲသွားဖို့ အကြံပြုချက်ကို စုန့်ယောင်ဘက်ကနေ အရင်အကြံပေးမှာမဟုတ်နိုင်ရာ ထိုစာပိုဒ်ရှည်ကြီးနှင့် ခွဲခြမ်းစိတ်ဖြာချက်ကို ​လျင်လျင်မြန်မြန်ပဲ ပြန်လည်မျှဝေကြလေသည်။

ယခုလိုပြောင်းပြန်လှန်မှုက အရမ်းကို လျင်မြန်လွန်းပြီး အာရုံစူးစိုက်မှုတွေက စုန့်ယောင်ဘက်ကို ဦးတည်လာလေသည်။ ခဏလောက်ကြာတော့ စုန့်ယောင်ရဲ့ ပရိသတ်တွေက သူတို့ရဲ့ အင်္ကျီလက်တွေကို လိပ်တင်ပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြသည်။

ဤခွဲခြမ်းစိတ်ဖြာချက်ကို ရေးပြီးနောက်၊ မှတ်ချက်များကို အနီးကပ်လိုက်ကြည့်နေတဲ့ ရွှီလော့ယန်က သူ့လက်ထဲမှ ဘောပင်ကို ကျွမ်းကျင်စွာ လှည့်လိုက်ပြီး ချီချန်းအန်းကို တံတောင်နဲ့ တွတ်လိုက်ကာ

"ချန်အန်းငါက ပုံဆွဲတဲ့​နေရာမှာတော်တော်လေးအရည်အချင်းရှိတာကိုတွေ့လိုက်ရတယ်...ဒီပုံတွေကို ဘယ်လောက်ကောင်းအောင်ဆွဲထားလဲ ကြည့်ကြည့်လိုက်"

ချီချန်အန်းက တုတ်ချောင်းပုံတွေကိုတစ်ချက်ကြည့်လိုက်ပြီးနောက် လေးနက်စွာဖြင့် "နျောင်နျောင်ကအရမ်းတော်တာပဲ"လို့ချီးမွမ်းလိုက်သည်။

"ငါလည်း အဲ့ဒီလိုပဲထင်တယ်"

ရွှီလော့ယန်က ကျေနပ်သွားပြီး "ငါဆုံးဖြတ်ပြီးပြီ၊ အင်တာဗျူးက စုန့်ယောင်ရဲ့ အသေးစိတ်အမူအယာတွေကိုကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာတဲ့ နောက်ထပ်ဆောင်းပါးတစ်ပုဒ်ရေးရမယ်"

"နျောင်နျောင်က အသေးစိတ်အမူအယာခွဲခြမ်းစိတ်ဖြာတဲ့ စိတ်ပညာကိုလည်း နားလည်တာပဲလား"

"ဟုတ်တယ်၊ အရင်က လေ့လာဖူးတယ်...သရုပ်ဆောင်တဲ့အခါ ဇာတ်ကောင်ကို သရုပ်ဖော်ဖို့ အသေးစိတ်အမူအရာတွေကို မကြာခဏသုံးရလို့ အထူးလေ့လာခဲ့တာလေ အရမ်းမိုက်တယ် မလား..."

"အမိုက်စားပဲ"

"ဒါဆို မစ္စတာချီ၊ မင်း ငါ့ကို အသိအမှတ်ပြုဖို့တစ်ခုခု ပေးသင့်တယ်လို့ မထင်ဘူးလား"

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now