Chapter 115

363 55 0
                                    

🍬Chapter 115

နောက်ဆုံးတွင် မုလန်က သူ့ဆံပင်ပုံစံကို ပြန်လည်ပြင်ဆင်ရန် ကူညီပေးပြီးနောက် ကျေနပ်စွာ ပြောလာခဲ့သည်။

"ဒါက အရမ်းကြည့်လို့ကောင်းတယ် ၃၆၀ ဒီဂရီလုံးလုံး ဓာတ်ပုံရိုက်ခံရရင်တောင် ပြဿနာမရှိဘူး"

ထို့နောက် ထပ်ပြီးသတိပေးလိုက်သည်။

"ဆုပေးပွဲမပြီးမချင်း ဆံပင်တွေကို လက်နဲ့ထိဖို့ ခွင့်မပြုဘူးနော် မှတ်ထား"

"သတိထားပါ့မယ် မထိပါဘူး...လုံးဝမထိဘူး"

ရွှီလော့ယန်က တံခါးကို အကြိမ်နှစ်ဆယ်မြောက် စိုက်ကြည့်နေပြန်သည်။ ထိုအချိန်၌၊  ပိတ်ထားသည့် တံခါးကို အပြင်ကနေ ဖွင့်လိုက်ပြီး ချီချန်အန်းဝင်လာသည်ကို မြင်လိုက်ရ၏။

ဆူညံသံကိုကြားပြီး တံခါးဆီသို့ လှမ်းကြည့်လိုက်ရာ လုတိက ချီချန်အန်းကိုတွေ့လိုက်ရသဖြင်ပ ။သူ အံ့အားသင့်သွားကာ မနေနိုင်ဘဲဗြောင်ပင်ပြောချမိသွားသည်။

“ရှစ်၊ ပေါ်တင်ကို ခွေးစားလိုက်ကြဲနေတာပဲ"

သူက အရင်ဦးဆုံး၊ ချီချန်အန်း၏ လည်စည်းနှင့် အဝတ်အစားကို ကြည့်သည်။ ထို့‌နောက် ရွှီလော့ယန်အား  လှည့်ကြည့်ပြန်သည်။ အနက်ရောင် လက်လုပ်ဝတ်စုံ၊ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင် လည်စည်းတို့က တစ်စုံတည်းလိုပင် တူညီနေလေသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ၊  ရွှီလော့ယန်၏ အဝတ်အစားများတွင် အိုင်းရစ်ပန်းများကို အလှဆင်သည့်အရာအဖြစ် အသုံးပြုထားပြီး ချီချန်အန်း၏အဝတ်အစားများတွင် အနက်ရောင်ချည်ထိုးများ၊ လက်ကြယ်သီးများနှင့် နက်ကတိုင်ညှပ်များက ပန်းဝါလေးများပွင့်သည့် ရွက်ချွန်းချုံပင်များပုံစံပြုလုပ်ထားလေသည်။

တူညီသည့်အဝတ်အစားများကိုဝတ်တာက ကြောက်စရာမဟုတ်၊ နှစ်ဦးထဲတွင် ပို၍မလိုက်ဖက်သည့်သူက အရှက်ရလိမ့်မည်ဟု ပြောလေ့ရှိကြသည်။ သို့သော် ကြည့်ကောင်းသောလူနှစ်ဦးက ယှဉ်တွဲရပ်နေပါလျှင်မူ သက်ရောက်မှုက နှစ်ဆဖြစ်သွားပေလိမ့်မည်။

ချီချန်အန်းက အခြားသူများ၏မျက်လုံးမှအကြည့်များကို သတိမထားမိဘဲ ရွှီလော့ယန်၏ အနီးတွင် သွားရပ်ကာ "အဆင်သင့်ဖြစ်ပြီလား" ဟု မေးလိုက်သည်။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now