Chapter 25.2🍬

1.1K 167 3
                                    

🍬Chapter 25.2

ရွှီလော့ယန်အပြုံးက အတော်လေးကူးစက်စေနိုင်သည်။အမြဲတည်ကြည်နေတတ်တဲ့အစ်မယန်ပင် ယခုပြုံးနေကာ ပုံမှန်ထက် စကားအများကြီးပိုပြောနေ၏။

" မင်းရဲ့မိတ်ကပ်ကနည်းနည်းလေးရှုပ်ထွေးတယ်၊ဘာကြောင့်လဲဆိုတော့ မင်းရဲ့စိတ်သဘောထားက ခပ်ကြမ်းကြမ်းမို့လို့၊မင်းရုပ်ရှည်ကအရမ်းကြည့်ကောင်းနေတော့ မင်းရဲ့အသားရေကဒီထက် နှစ်ဆင့် ဒါမှမဟုတ် သုံးဆင်လောက်ညိုနေရမယ်၊ပြီးတော့ မင်းတစ်ကိုယ်လုံးတည်ကြည်လေးနက်တဲ့ပုံပေါက်အောင် မျက်ခုံးမွှေးကထူထူလေးဖြစ်ရမယ်၊မင်းလက်တွေကလည်း ဒီထက်ပိုပြီးကြမ်းနေရမယ်၊ဇာတ်ညွှန်းမှာ ချင်းချောင်က သေနတ်ကိုင်တယ်လေ "

ရွှီလော့ယန် နားလည်ကြောင်း ခေါင်းညိတ်ပြကာ လှည့်ပြီး ဘေးမှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ချီချန်အန်းကို ကြည့်လိုက်သည်။

" ချန်အန်းကကော "

"ချီလူကြီးမင်းကတော့ အသားအရည်ကဖြူပြီး မျက်နှာကသေးတော့ နှစ်ပေါင်းများစွာ အမိုးအောက်မှာပဲ လက်သမားလုပ်နေတဲ့ ရှုကျန့်ဇာတ်ကောင်နဲ့လိုက်ဖက်ပြီးသားဆိုတော့ မင်းလောက်ပြင်စရာမလိုဘူး "

ရွှီလော့ယန် အ၀တ်လဲခန်းထဲကနေထွက်လာပြီး အချိန်ကိုကြည့်လိုက်တော့ ၃နာရီကျော်နေပြီဖြစ်သည်။လုတိက နောက်ကျောမှာလွယ်အိတ်ကြီးတစ်လုံးလွယ်ထားကာ တံခါးနားမှာစောင့်နေသည်။

ရွှီလော့ယန် ထွက်လာတာမြင်တော့ အမြန်မီးခိုးရောင်ရေနွေးဘူးလှမ်းပေးလိုက်ကာ "ချီလူကြီးမင်းက ဟိုကို အရင်သွားနှင့်ပြီ "

ရွှီလော့ယန် ခေါင်းညိတ်လိုက်ကာ ရေတစ်ငုံလောက်သောက်လိုက်ပြီး လုတိကို "ချန်အန်းက ရေသောက်သွားရဲ့လား "ဟုမေးလိုက်သည်။

လုတိ အိတ်ထဲကနေ ပုံစံတူအနက်ရောင်ရေနွေးဘူးအားထုတ်ပြီး လှုပ်ပြလိုက်သည်။

"ကောပြောသလို လက်ဖက်ရည်ကြမ်းကိုပြင်းပြင်းလေးလုပ်ထားပေးတယ်၊ချီလူကြီးမင်းနှစ်ငုံလောက်သောက်သွားတယ် သူကြည့်ရတာစိတ်ပျော်နေပုံပဲ "

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now