Chapter 24 🍬

1K 169 2
                                    

Chapter 24

------------

တစ်နာရီလောက်ကြာအောင် ဖက်ထားပေးပြီးနောက် အဆုံးတွင် ချီချန်အန်း၏ ကိုယ်က အနည်းငယ်နွေးလာပြီဖြစ်သည်။ ရွှီလော့ယန်က ထို‌လူသားရဲ့ ကိုယ်အပူအအေးကို စမ်းသပ်ကြည့်ပြီးနောက် သူ့စိတ်ထဲတွင် သက်ပြင်းအသာချလိုက်မိ၏။

သူ့နှလုံးသားထဲက တင်းကြပ်နေတဲ့ကြိုးတွေဟာ အနည်းငယ် ဖြေလျော့သွားပြီဖြစ်၍ ရွှီလော့ယန်က တိတ်တစိတ်သမ်းဝေကာ သူ့ဘေးနားတင်ပင်အိပ်ပျော်သွားသည်။ သို့သော် သူက ချီချန်အန်းကို စိတ်ပူနေသဖြင့် ကောင်းကောင်းအိပ်မပျော်တာကြောင့် အသံတိုးတိုးကြားလိုက်တာနှင့် ချက်ချင်းလန့်နိုးသွားရသည်။

သူ့မျက်လုံးတွေကို ချက်ချင်းဖွင့်ကြည့်လိုက်ရာ ရွှီလော့ယန်သည် ချီချန်အန်းတစ်ယောက် ဘောလုံးတစ်လုံးကဲ့သို့ ကွေးနေတာကို တွေ့လိုက်ရပြီး သူ့ခေါင်းက ကုတင်ဘောင်ပေါ်ကို မသိစိတ်ဖြင့် အကြိမ်ကြိမ်တိုက်မိနေတာကြောင့် "တစ်တောက်တောက်" မြည်သံထွက်နေခြင်းပင်။

ခြောက်ကပ်ဖြူဖျော့နေတဲ့ နှုတ်ခမ်းတွေကသွေးရောင်တဖန်ပြန်သန်းလာပုံပေါ်နေသော်လည်း ယင်းမှာပြန်ကျန်းမာလာတာကြောင့်မဟုတ်ဘဲ သူအပြင်းအထန်ဖိကိုက်ထားသောကြောင့် သွေးတွေစီးကျနေတာဖြစ်ပြီး ဖျော့တော့နေတဲ့ အရေပြား​ထက်တွင် ယင်းမြင်ကွင်းက အနည်းငယ်ထိတ်လန့်တုန်လှုပ်စရာကောင်းနေခဲ့သည်။

သူ့နှလုံးသားတစ်ခုလုံး စုတ်ပြဲသွားသလို ခံစားလိုက်ရသဖြင့် ရွှီလော့ယန်က လက်ကိုဆန့်ပြီး ထိုလူကို သူ့ရင်ခွင်ထဲ ပြန်ဆွဲထည့်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီးနောက် တုန်လှုပ်ခြောက်ခြားနေသော သူ့အသံမှာ ဖုံးကွယ်နိုင်စွမ်းကင်းမဲ့စွာထွက်ပေါ်လာ၏။

"ချန်းအန်း မင်း အဆင်မပြေပြန်ဘူးလား ဆေးထပ်သောက်ချင်သေးလား မင်းအတွက် ကျွန်တော်ရှာပေးမယ်လေ ဆေးဘယ်မှာလဲ...ဆေး သောက်ရုံနဲ့ အဆင်ပြေလို့လား ဒါမှမဟုတ်...တခြားတစ်ခုခုလိုသေးတာလားဟင်...“

စိတ်ကြောင့်မကျန်းမာတာမျိုးကို ​သက်သာနိုင်အောင် ဒီကမ္ဘာကြီးမယ် ဘယ်အရာကများ စွမ်းဆောင်နိုင်စွမ်းရှိမည်တဲ့လဲ။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now