Chapter 7

1.4K 233 0
                                    

Chapter 7

“ဒါပေမယ့် သတင်းထုတ်ပြန်ဖို့ ဒါရိုက်တာကျန်းက ခွင့်ပြုရင်တောင် အဲ့ဒီနေ့က မင်းချင်းလီမြို့မှာရှိနေပြီး ယွင်ရှုနဲ့သွားမတွေ့ခဲ့ဘူးဆိုတာကို သက်သေမပြနိုင်သေးဘူးလေ”

“အဲ့ဒါလည်း ဟုတ်သားပဲ”

ရွှီလော့ယန်က မြေပြင်ပေါ်ရှိရွက်ကြွေများအား ခြေဖြင့်အသာကန်ကာ ပြန်လည်ပြုံးရွှင်သွားသည်။

“အရင်ဆုံး သတင်းကိုစောင့်တာပေါ့ ပြီးတော့ ဒါရိုက်တာကျန်း ဘယ်လိုတုံ့ပြန်လာမလဲ စောင့်ကြည့်ကြတာပေါ့”

ရွှီလော့ယန်က နေ့လယ်ခင်းသုံးနာရီအချိန်၌ ရဲစခန်းထံအစီရင်ခံရမည်ဖြစ်သည့်အတွက် သူကရိုးရှင်းစွာပင် ချီချန်အန်းလက်သမားအတတ်သင်နေသည့်နေရာသို့ လိုက်သွားလေသည်။ လက်သမားအတတ်အား သင်ကြားပေးနေသည့် ဆရာကျွမ်းမှာ စကားနည်းသည့် လူလတ်ပိုင်းအရွယ်လူကြီးတစ်ဦးပင်။ ချီချန်အန်းအနောက်မှ ရွှီလော့ယန်ထပ်မံလိုက်ပါလာတာကိုမြင်သည့်အခါ သူကခေါင်းကိုသာညိတ်ပြလာပြီး ဘာမှမပြောပေ။

လမ်း၌ဝယ်လာသည့်ဝိုင်ဖြူတစ်ပုလင်းအား သစ်သားထိုင်ခုံနံဘေး၌တင်လိုက်ပြီး ရွှီလော့ယန်က အလုပ်ခန်းထဲသို့ ချီချန်အန်းရဲ့အနောက်မှလိုက်မသွားမီ တစ်ဖက်လူအားနှုတ်ဆက်လိုက်၏။

အခန်းထဲဝင်လာပြီးနောက် ရွှီလော့ယန်က ခုံပုလေးတစ်လုံးအားရှာကာ ထိုင်လိုက်ပြီး ချီချန်အန်း သစ်သားအား အရင်သွေးနေတာကို ကြည့်နေလိုက်သည်။ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားသည့် ချီချန်အန်းက သူ့ရဲ့ရှည်လျားသော ခြေထောက်များကိုအနည်းငယ်ခွဲထားကာ အောက်သို့အနည်းငယ်မှီလိုက်၏။ ထို့နောက် အာရုံစူးစိုက်မှုအပြည့်ရှိသော အမူအရာနှင့်  သစ်သားအားကိုင်တွယ်နေသည်မှာ မည်သည့်ရှုထောင့်မှကြည့်ကြည့်၊ မျက်စိပသာဒဖြစ်စေသည်။

သူ့ဘေးမှလူအား မိနစ်အနည်းငယ်မျှ ရှုစားပြီးနောက်၊ ရွှီလော့ယန်က မနေနိုင်တော့ဘဲ သူ့ဖုန်းကိုထုတ်ကာ ဂိမ်းအနည်းငယ်ကစားရန် ပြင်လေသည်။ ရုတ်ချည်းဆိုသလိုပင် သူက ချီချန်အန်း၏အသံကို ကြားလိုက်ရသည်။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now