🍬Chapter 102
ညရဲ့တိတ်ဆိတ်မှုက ပြတင်းပေါက်အပြင်ဘက်မှာရှိတဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးအုပ်ထားကာ ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်တည်းသာရှိနေပြီး လေထုကလည်း အလွန်နူးညံ့သိမ်မွေ့နေသကဲ့သို့ ခံစားရသည်။ရွှီလော့ယန် ရင်ဘက်ထဲက နှလုံးခုန်သံမှာ ကျယ်သထက်ကျယ်လာပြီး သူ့ကိုယ်ကိုမတ်လိုက်ကာ ချီချန်အန်းရဲ့ကော်လာကို ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့အရောင်ဖျော့ဖျော့နှုတ်ခမ်းသားထက် အနမ်းဖွဖွပေးဖို့ရာအတွက် ကိုယ်ကိုကိုင်းလိုက်သည်။
သူ့ရဲ့အသက်ရှုသံတွေမတည်မငြိမ်ဖြစ်လာပြီးတဲ့နောက်မှာ "ချန်အန်း၊ အဲ့ဒါကို ငါနဲ့အတူတူလုပ်ချင်လား" ဟုမေးလိုက်၏။
ချီချန်အန်းရဲ့လက်က သူ့ခါးတဝိုက်ငြင်သာစွာ ယှက်သွယ်လိုက်ပြီး သူ့ရဲ့လက်ဖဝါးအပူက အဝတ်ကိုတောင်ဖြတ်ပြီး သူ့ခန္တာကိုယ်တစ်ဝှိုက်ထိစီးဝင်လာတာကို ရွှီလော့ယန် ရှင်းရှင်းလင်းလင်းခံစားလိုက်ရသည်။
သူက ချီချန်အန်းရဲ့ရင်ဘက်ပေါ်မှာမှီနေရင်း ခေါင်းကိုစောင်းငှဲ့ကြည့်ကာ "မနက်ဖြန်အတွက် ဘာမှလုပ်စရာမရှိဘူး ပြီးတော့ ဇာတ်ညွှန်းကလဲနောက်နေ့မှဖတ်ရမှာ"
အစတုန်းက Stuရဲ့ ဖတ်ရှင်ရှိုးပွဲ ပြီးရင်အိမ်ပြန်ဖို့စီစဥ်ထားပေမဲ့ အစီအစဥ်တွေဆိုတာ အမြဲတမ်းအတည်တကျသတ်မှတ်လို့မှမရပေ။အခုဆိုရင် အချိန်အကြာကြီးနေမှပြန်ရိုက်မယ့် မုန်ဟွာကျန်းရဲ့ဇာတ်ညွှန်းကို ဖတ်ဖို့စောင့်ရပေဦးမည်။
ရလာဒ်အနေကဖြင့် တင်းကျပ်နေတဲ့သူ့ရဲ့အချိန်ဇယားက ခဏတာတော့ ရော့ရဲသွားမှာဖြစ်သည်။
ရွှီလော့ယန်က သူ့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြလိုက်သည်။ယင်းကို လိုချင်နေတာ သူတစ်ယောက်တည်း မဟုတ်တာသေချာလေသည်။ ချီချန်အန်းလည်း အလားတူစွာပင် သူ့ကိုလိုချင်နေမယ်ဆိုတာသူသိသည်။သူတို့နှစ်ယောက်က ညတိုင်းမနက်တိုင်း အိပ်ယာတစ်ခုတည်းမှာ အတူတူအိပ်ကြသည်ဖြစ်ရာ သူတို့နှစ်ယောက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ တုန့်ပြန်မှုများကို တစ်ယောက်နှင့်တစ်ယောက် ဖုန်းကွယ်ထားလို့မရချေ။
YOU ARE READING
[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်)
RomanceTitle Translations Unicode only Zawgyi ဖတ်ချင်တဲ့သူလေးတွေအတွက် IQ Team tele channel မှာ pdf file တင်ထားပါတယ် All CREDIT TO ORIGINAL AUTHOR