Chapter 80
ရွှီလော့ယန်၏ စိတ်ဓာတ်များ သိသိသာသာ ပြန်လည်ကောင်းမွန်လာတာကို မြင်ပြီး သူတို့အနောက်မှ ကင်မရာဆရာက ချီချန်အန်းပြောလိုက်သည့်စကားကို အလွန်သိချင်နေမိသော်လည်း သူ ဘာမှ မကြားရသဖြင့် စိုက်ကြည့်နေရုံသာ တတ်နိုင်၏။
သို့ပေမယ့် လမ်းရဲ့နောက်တစ်ပိုင်းကိုရောက်ချိန်တွင်၊ ရွှီလော့ယန်က အတော်လေးပြန်တည်ငြိမ်သွားပြီဖြစ်သည်။သူ့ပတ်၀န်းကျင်မှာလေတိုက်လာတာကိုသတိထားမိသည်နှင့် ချီချန်အန်းရဲ့အင်္ကျီအစကို လက်နှစ်ဘက်ဖြင့်ဆွဲကိုင်လိုက်ပြီး တွေးတွေးဆဆဖြင့်ဆိုလိုက်သည်။
"ဒါရိုက်တာ ဝမ်က ပြောတယ် task itemတွေ ဒီမှာရှိတယ်တဲ့၊ ဒါပေမယ့် လမ်းတစ်လျှောက်လုံး ဗလာနံရံတွေပဲ ရှိတယ် ထူးထူးခြားခြား ဘာမှကို မတွေ့မိဘူး"
ချီချန်းကအရိပ်ထဲမှာ ရပ်နေတဲ့ပုံရိပ်ကို သတိထားမိသဖြင့် ရွှီလော့ယန်ရဲ့ မျက်လုံးတွေထက်သူ့လက်ကို တင်လိုက်သည်။"တစ်ခုခုကြားရင် မျက်လုံးမဖွင့်နဲ့"
ရွှီလော့ယန်က ခေါင်းညိတ်လိုက်သည်။"ကောင်းပြီ ငါမျက်လုံးမဖွင့်ဘူး"
ထို့နောက်မှာတော့ ရွှီလော့ယန်က ချီချန်အန်းရဲ့ ခြေသံကို ပထမဆုံးကြားရပြီး နေုက်ဆက်တွဲအနေဖြင့် သူ့အနောက်မှ ကင်မရာမန်းရဲ့ အာမေဋိတ်သံအပြင် သိပ်မရှင်းလင်းတဲ့ အဝတ်အထည်ပစ္စည်းတွေရဲ့ ပွတ်တိုက်သံတွေကို ကြားလိုက်ရသည်။သူက မျက်လုံးမှိတ်ထားလျက် မတ်တပ်ရပ်နေဆဲဖြစ်ကာ စပ်စုချင်စိတ်ဖြင့် တိုးတိုးလေးမေးလိုက်သည်။
"ချန်းအန်း မင်းဘာလုပ်နေတာလဲ ငါ မျက်လုံးဖွင့်လို့ရပြီလား “
"ရပြီ"သူ့မျက်လုံးတွေဖွင့်လိုက်သည်နှင့်တပြိုင်နက် ချီချန်အန်းက"တစ္ဆေ" အရှေ့မှာရပ်နေတာကို ရွှီလော့ယန်တစ်ယောက် မြင်လိုက်ရပြီး တစ်ဖက်မှကာယကံရှင်ထံကထွက်ကျနေတဲ့ "လျှာအရှည်ကြီး" ဖြင့် ထိုသူ့ရဲ့လက်များကို တွဲချည်ထားပုံက တစ်ဖက်လူအား လုံး၀အနိုင်ကျင့်နေသည့်အသွင်အပြင်ကိုဖော်ဆောင်နေ၏။
YOU ARE READING
[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်)
Storie d'amoreTitle Translations Unicode only Zawgyi ဖတ်ချင်တဲ့သူလေးတွေအတွက် IQ Team tele channel မှာ pdf file တင်ထားပါတယ် All CREDIT TO ORIGINAL AUTHOR