Chapter 72🍬

668 105 0
                                    

🍬Chapter 72
------------

ချီချန်အန်းက သူ့နဖူးကို ရွှီလော့ယန်၏နဖူးထက်ဖိကပ်ထားကာ သူ့ခန္ဓာကိုယ်မှအပူချိန်ကို ခံစားနေမိသည်။

မျက်လုံးကိုမှိတ်ကာ အက်ရှနေသော ‌အသံဖြင့် "ကိုယ်တောင်းပန်ပါတယ်" လို့ပြောလိုက်သည်။

ကိုယ်အခုထိ မလုပ်နိုင်သေးဘူး။

"တောင်းပန်စရာမလိုပါဘူး။" တောက်ပစွာပြုံးပြရင်း ရွှီလော့ယန်က ခေါင်းခါလိုက်သည်။

"ငါ မင်းကို ချစ်တယ်။ အဲ့ဒါကြောင့်မို့ မင်းဖြစ်နေတဲ့အတိုင်းကို ငါချစ်တာ။ ဆိုးဆိုး ကောင်းကောင်း။ အကုန်ချစ်တယ်။ အဲ့ဒီလျှို့ဝှက်ချက်လေးတွေကတော့ မင်းဆက်ပြီး ထိန်းသိမ်းထားလေ။ ချစ်သူတွေကြားမှာလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ ခံစားချက်လေးတွေ ရှိသင့်တယ်၊ မဟုတ်ရင် သူတို့က အလွယ်တကူနဲ့ စိတ်ဝင်စားမှုပျောက်ဆုံးသွားနိုင်တယ်လို့ ပြောကြတာပဲ။ မင်းက အခု အဲ့လိုမျိုး လုပ်နေတာပဲလေ။"

ချီချန်အန်းက ရွှီလော့ယန်ကို အလွန်အာရုံစိုက်၍ ကြည့်နေမိသည်။ သူချစ်သည့်လူက အင်မတန်မှ ကြည့်ကောင်းလှသည်။ သူ့မျက်နှာသွင်ပြင်က  ထက်ရှအေးစက်နေခြင်းမဟုတ်။ မျက်လုံးများက ကြီးမားကာ မျက်တောင်များကလည်း ရှည်လျားသည်။ အသားအရည်က ဖြူဖွေးပြီး သူက ပြုံးရယ်ရသည်ကို သဘောကျသည့်အတွက် သူ့ပုံစံက မီးတောက်လေးကဲ့သို့ နွေးထွေးကာ နူးညံ့သည်။

ဖြည်းဖြည်းချင်းလှဲချလိုက်ကာ၊ ချီချန်အန်းက ရွှီလော့ယန်၏မျက်ခုံးစပ်ကြားကို အနမ်းတစ်ပွင့်ကြဲချလိုက်၏။

မင်းကိုတွေ့ဆုံရတာ ကိုယ်ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။

ညနေခင်းတွင် မိုးစတင်ရွာလာသည့်အတွက် ချီချန်အန်းကို ဆွဲကာ ရွှီလော့ယန်တစ်ယောက် ‌ပြေးလွှားရင်း ရယ်မောနေခဲ့သည်။ ခြံဝင်းအတွင်းရောက်သည့်အခါ သူတို့၏အဝတ်များမှာ ရွဲရွဲစိုနေခဲ့ပြီဖြစ်သည်။

မျက်နှာပေါ်မှ မိုးရေစက်များကို သပ်ချကာ ရွှီလော့ယန်က ချီချန်အန်း၏ လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး "သွားမယ်၊ သွားမယ်၊ သွားကြရအောင်။ ရေချိုးပြီး အဝတ်အစားလဲကြမယ်။"

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now