Chapter 85

490 75 0
                                    

🍬Chapter 85

ဆိုဖာပေါက်မှာ ဒူးထောက်ထားရင်း ရွှီလော့ယန်က ချီချန်အန်းကိုမှီထားလိုက်သည်။ သူ့ခြေထောက်တွေက အနေအထားမပြောင်းလဲဘဲ အကြာကြီးထိုင်နေမိတာကြောင့် ထုံကျင်နေသော်လည်း လုံးဝလှုပ်ချင်စိတ်မရှိပေ။သူရဲ့နှလုံးသားကို မရေမတွက်နိုင်တဲ့ အပ်တွေဖြင့်ထိုးစိုက်ထားသလိုခံစားနေရပြီး ယင်းနေရာကအရမ်းနာကျင်ရကာ တဆတ်ဆတ်တုန်ယင်နေသလိုပင်။

သူတို့ weiboမှာ ပိုစ့်တင်တာနဲ့ပတ်သတ်ပြီး ချင်းလီမြို့မှာဆွေးနွေးတုန်းကပြောဖူးတဲ့စကားဝိုင်းကို သတိရလိုက်သည်။ထိုအချိန်တုန်းက ချီချန်အန်းက သူ့ဘဝမှာဝေမျှဖို့အတွက် စိတ်ဝင်စားစရာကောင်းတာမရှိတာကြောင့် မလုပ်ဘူးလို့ပြောခဲ့ဖူးသည်။

နောက်ပြီး ချီချန်အန်းသူ့ကို လန်ဒါမှာရှိတဲ့ ကျေးလက်ရွာလေးက အိမ်သေးသေးလေးတစ်ခုကိုခေါ်သွားတုန်းက အချိန်တွေကိုလည်းမှတ်မိသေးသည်။ထိုအချိန်တုန်းကရွှီလော့ယန်သူ့ကို ဒီနေရာမှာသာ တစ်​ယောက်ထဲအထီးကျန်စွာ ဗလာသက်သက်နေရမယ်ဆိုရင် ကြောက်နေမှာလားလို့မေးခဲ့ဖူးသည်။

အဲ့ဒီအချိန်တုန်းက ချီချန်အန်းဘယ်လိုတုန့်ပြန်ခဲ့ပါလိမ့်။

ထိုအချိန်တုန်းက သူပြောတာက -

_တစ်ယောက်တည်း နေရတာက ပိုပြီးလုံခြုံတယ်လို့ ခံစားရတယ်-

ရွှီလော့ယန်က ချီချန်အန်းဘာလို့အမြဲနေမကောင်းဖြစ်နေရတာလဲ ၊ဒါမှမဟုတ် ဘာလို့နှင်းဆီနီတွေတွေ့တိုင်း သူ့မျက်နှာဖျော့တော့နေရလဲဆိုတာကို နားမလည်နိုင်ခဲ့ချေ။ပြီးတော့ ဘာလို့အမြဲတမ်းသူ့မိသားစုအကြောင်းမပြောတာလဲဆိုတာရယ် ​ပြောမိတဲ့တစ်ကြိမ်တုန်းကလည်း ဘာလို့စကားဆက်မပြောတော့တာလဲဆိုတာကို သူတစ်ကယ်ပဲနားမလည်ခဲ့မိဘူး။

ယခုလိုအသေးစိတ် အချက်အလက်လေးတွေကိုပြန်တွေးကြည့်လိုက်မိတဲ့အချိန်မှာတော့ သူ့ရဲ့နှလုံးသားကပိုလို့ပင်နာကျင်လာရသည်။

ထိုအခိုက်အတန့်မှာ ရွှီလော့ယန်ရဲ့ နှလုံးသားအတွင်းမှာ ခံစားချက်တွေတဟုန်းဟုန်းဝင်ရောက်နေပြီး ထွက်ပေါက်ရှာမရတော့သဖြင့် ချီချန်အန်းရဲ့နာမည်ကို တိုးတိုးလေးပြောနေရုံသာတက်နိုင်ပြီး သူ့စိတ်ထဲမှာနှလုံးသားတစ်ခုလုံးကွဲကြေမတက်နာကျင်ရတာက ဘယ်လိုမျိုးလဲဆိုတာ နားလည်သွားရသည်။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now