Extra 3

318 48 0
                                    

🍬Chapter 126[ Extra-3 ]

သူက သနားစဖွယ် ရှုံးနိမ့်ခဲ့သော်ငြား၊ ရွှီလော့ယန်က သူ၏စိတ်အခြေအနေကိုလျင်မြန်စွာ ပြန်လည်ချိန်ညှိကာ၊ သူ့ကိုယ်သူလွှတ်ထားးလိုက်ရန် ဆုံးဖြတ်လိုက်သည်။ကတ်များကို သေချာနေရာမချ၊ အစီအစဉ်တကျစီမနေတော့ဘဲ ကစားချင်သလိုသာ ကစားလိုက်တော့သည်။ မထင်မှတ်စရာပင်၊ ထိုကဲ့သို့ ကစားချင်သလိုကစားသည့်နည်းလမ်းက အကျိုးသက်ရောက်မှုရှိလာလေသည်။ ညစာမစားမီ၊ သူက နှစ်ပွဲခန့်နိုင်ခဲ့ပြီး IOU အချို့ကိုပင် ရှင်းထုတ်နိုင်ခဲ့၏။

အချိန်ခဏအတွင်း ရွှီလော့ယန်၏ ကိုယ့်ကိုယ်ကိုယုံကြည်မှုက ပြန်လည်မြင့်တက်လာပြန်သည်။ သူက ကတ်များကို သေသေချာချာ‌ရွေးချယ်ကာ ကတ်တစ်ခုကိုဆွဲထုတ်လိုက်ပြီး  မထင်မှတ်ထားစွာပင် ထိုကတ်က ကတ်ကောင်းတစ်ကတ်ဖြစ်နေသည်။

"ထျန်းဟူ" သူက ပြုံးလျက် ပြောလိုက်သည်။

"ဒီကတ်က ရှုံးနိုင်ခြေလုံးဝမရှိဘူး... ထျန်းဟူကို ဆွဲမိနိုင်မယ့်ကံက သုံးသိန်းမှာတစ်ခါပဲရှိတယ်လို့ ပြောကြတယ်ကော...မင်းတို့တွေနောက်ဆို ငါ့ကို Koi လို့သာခေါ်ကြတော့..."

တစ်ချိန်တည်းမှာပင်၊ ကစားသည့်စားပွဲအောက်မှတဆင့်၊ ရွှီလော့ယန်က ချီချန်အန်း၏လက်ကို တိတ်တိတ်လေးသွားရောက်ဆွဲယူကာ၊ တစ်ဖက်လူအား လျှို့ဝှက်စွာဖြင့် နှစ်ကြိမ်ခန့်မျက်စိမှိတ်ပြလိုက်သည်။

ချီချန်အန်းက သူ့အား အလိုလိုက်မှုအပြည့်ဖြင့်ကြည့်ကာ၊ စားပွဲအောက်မှသူ့လက်အား ဆက်လက်ချိတ်ထားခွင့်ပြုထားလိုက်သည်။ ထို့နောက်၊ ချီချန်အန်းမှာ၊ ပွဲစဉ်တောက်လျှောက် သူ၏ဘယ်ဘက်လက်ကိုသာ အသုံးပြု၍ ကတ်များကို ကစားလေသည်။

စားပွဲတစ်ဖက်မှ လူနှစ်ယောက်၏ကိုယ်နေဟန်ထားမှာ မူမမှန်မှန်း၊ ယဲ့ရှန်ရှန်က တစ်ချက်တည်းဖြင့် ရိပ်မိသွားကာ၊ အူကြောင်ကြောင်ဖြစ်သွားရသည်။

ဒါက မာကျောက်ကစားတဲ့ ကိုယ်နေသန်ထားအသစ်လား... ဒီလိုကစားတာက အနိုင်ရဖို့အခွင့်အရေးကို တိုးစေလို့လား...

ညစာစားပြီးနောက်၊ ရွှီလော့ယန်မှာ အသစ်စိုက်ပျိုးထားသည့် ဂေါ်ဖီထုပ် 5.0 versionကို ကြည့်ရန် ဖန်လုံအိမ်၏ အဆုံးတစ်ဖက်နားသို့ ယဲ့ရှန်ရှန်ထံမှ ဆွဲခေါ်ခံသွားရပြီး၊ ချီချန်အန်းနှင့် ကုန်းယွဲ့တို့မှာတော့၊ ဖန်လုံအိမ်အပြင်ဘက်မှ မြက်ခင်းပြင်ထက်တွင် လမ်းလျှောက်နေကြ၏။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now