Chapter 74🍬

565 85 0
                                    

🍬Chapter 74
------------

အဖွဲ့သားများက အလုပ်ချိန်ကို တင်းကြပ်စွာလိုက်နာသည့်အတွက်၊ ခြောက်နာရီအတိတွင် အလုပ်များသိမ်းလိုက်ကြသည်။ မိတ်ကပ်ဖျက်ရန် မိတ်ကပ်ဖော့တစ်ခုကိုယူကာ၊ ရွှီလော့ယန်က ချီချန်အန်းနှင့် တိုးတိုးတိတ်တိတ်စကားပြောရင်း သူ့မျက်နှာကို မျက်နှာသေဖြစ်အောင် ကြိုးစားနေရသည်။

"ငါခုလေးတင်ပဲ ပြက္ခဒိန်ကိုကြည့်လိုက်တာ။ ဒီနေ့ ကြည့်ရမယ့် ဖျော်‌ေဖြပွဲတစ်ခုရှိတယ်။"

ရွှီလော့ယန်ကို ဂွမ်းတံတစ်ခုလှမ်းပေူရင်း ချီချန်အန်းက မေးလိုက်သည်။

"ဘယ်လို ဖျော်ဖြေပွဲမျိုးလဲ။"

ခုနစ်နာရီကျော်ပြီဖြစ်သည့်အတွက် ဆည်းဆာချိန်က ပို၍မှောင်မိုက်လာကာ၊ 'Queen's Height ' ဟု အမည်ရသည့် ဘားတစ်ခုဆီသို့ သူတို့နှစ်ဦးရောက်ရှိလာခဲ့သည်။ ချီချန်အန်းကို ဆွဲခေါ်သွားရင်း၊ ဖန်ခွက်များကို သုတ်နေသည့် ဘားမှအလုပ်သမာစကို ရွှီလော့ယန်က တစ်စုံတစ်ရာကို အလျင်အမြန်ပြောလိုက်သည်။ ခေါင်းညိတ်ကာ ဘားသမားက အနက်ရောင်သစ်ကြားပင်ဖြင့်ပြုလုပ်ထားသည့် သေတ္တာထဲမှ သတ္ထုအပိုင်းအစနှစ်ခုကို ထုတ်ပေူလိုက်သည်။

ရွှီလော့ယန်က ကျေးဇုးတင်စကားပြောကာ၊ ချီချန်အန်းထံတစ်ခုပေးလိုက်ပြီး  အတွင်းထဲသို့ ဆက်ဝင်သွားလေသည်။

သေးငယ်ယိုယွင်းနေသည့် တံခါးမှဖြတ်၍ ဝင်ရောက်လာရာ၊  ဘေးနှစိဖက်လုံးရှိ နံရံနှစ်ဖက်တွင် ထူထပ်သည့် နံရံဆေးရေးပန်းချီများကိုရေးဆွဲထားသည့် ရှည်လျားသည့်လူသွားလမ်းမှလျှောက်သွားပြီးနောက်၊ အဆုံးမှပဲ့တင်ထွက်လာသည့် သီချင်းသံသဲ့သဲ့ကို ကြားလိုက်ရသည်။

ချီချန်အန်းက ရွှီလော့ယန်၏လုပ်ဆောင်ချက်များကို သဘောပေါက်သွားသည်။

"ဒါက မြေအောက်တီးဝိုင်းဖျော်‌ဖြေပွဲတစ်ခုလား။"

"ဟုတ်တယ်။" သတ္ထုအပိုင်းလေးကို လက်ချောင်းများကြားလှည့်ကစားရင်း ရွှီလော့ယန်က မျက်ခုံးပင့်လိုက်သည်။

"ငါ တက္ကသိုလ်တက်တုန်းက၊ ဒီနေရာက ငါ့အကြိုက်ဆုံးနေရာပဲ။ သီချင်းတွေလာနားထောင်လေ့ရှိပြီးတော့ တီးဝိုင်းအဖွဲ့တွေကလည်း တော်တော်တော်တယ်။"

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now