Chapter 100🍬

510 73 0
                                    

🍬Chapter 100

ချီချန်အန်း သူ့ဘေးမှာထိုင်ပြီးကတည်းက ရွှီလော့ယန်ရဲ့ အာရုံပြောင်းသွားလေသည်။ လျှောက်လမ်းကို ငေးကြည့်နေရင်း သူ့လက်ထဲက စာရွက်ပေါ်မှာ စာကြောင်းတစ်ကြောင်းရေးချပြီး ချီချန်အန်းဆီ အမြန်ပေးလိုက်သည်။

"မင်းတကယ်ပဲ......... နတ်ဆိုးမဟုတ်ဘူးလား" သူက အဆုံးတွင် မျက်နှာကိုပင် လက်နှစ်ဖက်ဖြင့်ဆွဲလိုက်သေးသည်။

ချီချန်အန်းက စာရွက်ပေါ်ရှိ စကားလုံးများကိုဖတ်ပြီးတဲ့အချိန်မှာ ရွှီလော့ယန်ရဲ့ အတွေးရထားကို လျင်မြန်စွာ နားလည်သဘောပေါက်သွားရကာ နောက်မှာစာကြောင်းတစ်ကြောင်းထပ်ရေးပြလိုက်သည်။

"မင်းလေးက ဟိုဒီကူးပြောင်းလာတာမျိုးကိုပြောနေတာလား"

ရွှီလော့ယန်က အနည်းငယ်ခေါင်းညိတ်ပြလိုက်သည်။

သူဆိုလိုတာက ကူးပြောင်းလာတာမှမဟုတ်ရင် ဘယ်လိုလုပ်ပြီးဒီကို ဒီလောက်မြန်မြန်ကြီးရောက်လာနိုင်မှာလဲ။

ချီချန်အန်းက သူ့ရဲ့မျက်ခုံးတွေကိုပြေလျော့လိုက်ပြီး ၊သူ့ရဲ့လက်ချောင်းတွေကမူ ခဲတံကိုဆုပ်ကိုင်ထားရင်း "ကိုယ်ဖုန်းချလိုက်ပြီးတာနဲ့ လေယာဥ်လက်မှတ်တန်းဝယ်လိုက်တာ " ဟုရေးပြလိုက်လျှင် ရွှီလော့ယန်ရဲ့ အံ့အားသင့်သွားမည့်မျက်နှာကိုမြင်ယောင်လိုက်ပြီး "ကိုယ်မင်းကိုအရမ်းလွမ်းနေတာ၊ မင်းကိုတွေ့ဖို့လာချင်နေတာကို ကိုယ်ထိန်းချုပ်မထားနိုင်ဘူး"ဆိုတဲ့ စာသားအနည်းငယ်ကို ထပ်ဖြည့်လိုက်၏။

သူက သူ့ရဲ့လက်သီးစုပ်အပြစ်ပြောင်းလိုက်တဲ့ လက်ကိုအသာမြှောက်လိုက်ပြီ ထွက်ပေါ်လာခါနီးအပြုံးကို ဖုံးကွယ်ဖို့ရာ နှုတ်ခမ်းထက်ဖိကပ်ထားလိုက်သည်။ထို့နောက် သူ့ရဲ့အကြည့်တွေကိုလျှောက်လမ်းဘက်ကို အာရုံစိုက်ဟန်ပြုရင်း အပြန်အလှန်ပို့ထားတဲ့ စက္ကူစကို အိတ်ကပ်ထဲအမြန်ထည့်ဖွက်လိုက်သည်။မီးရောင်မှိန်ဖျော့ဖျော့အောက်မှာ သူ့အင်္ကျီအောက်ကလက်ကို ချီချန်အန်းရဲ့​ လက်ချောင်းလေးများနှင့် အသာအယာယှက်သွယ်လိုက်ရင်း သူ့နှလုံးသားထဲမှာဖုန်းကွယ်ထားတဲ့အပျော်တွေကမူ ပေါက်ကွဲရန်အသစ်ဖြစ်နေပြီဖြစ်သည်။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now