Chapter 5

1.7K 249 3
                                    

Chapter 5

ချီချန်အန်းက သူ့ကိုကြည့်နေတာကို မြင်သဖြင့် ရွှီလော့ယန်က ခဏမျှ‌စဉ်းစားလိုက်ကာ "ဘာလို့လဲဆိုတော့ ကျွန်တော်တို့အိမ်ကထွက်လာကတည်းက ဘာမှမစားသလို ဘာနဲ့မှလည်း မထိခဲ့ဘူးလေ မတော်တဆဖြစ်သွားတဲ့ခွေးနဲ့ သိပ်မသန့်တဲ့ရေကန်ကရေပဲရှိတာ"

ထို့ပြင် ဤမျှကြီးကြီးမားမားအလာ့ဂျစ်ဖြစ်နေမှုက ကန်ရေများကြောင့်သာ ဖြစ်နိုင်လေသည်။

သူ့ပါတနာမှ အပြစ်ရှိစိတ်အား ခံစားနေရတာကို သတိထားမိသည့်အခါ ချီချန်အန်းက ယခုအချိန်တွင် မည်သည့်စကားပြောရမည်မှန်းမသိတော့ပေ။  ရေကန်ထဲမခုန်ချမီကတည်းက သူ့ထံ ဓာတ်မည့်မှုဖြစ်နိုင်ချေအတော်လေးများတာကို သူသိသည်။ သူ့ကျန်းမာရေးမည်မျှပင်ဆိုးရွားနေတာကို သူသိသော်လည်း သူ့ထံတုံ့ဆိုင်းမှုအလျင်းမရှိခဲ့ပေ။

ဤသည်မှာ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်၏နောက်ဆက်တွဲရလာဒ်သာဖြစ်ပြီး၊ ရွှီလော့ယန်အား အပြစ်ရှိသည့်စိတ်၊ သို့မဟုတ် အားနာစိတ်မကောင်းဖြစ်သည့်စိတ် မရှိစေလို။

စဉ်းစားပြီးသည့်အခါ ချီချန်အန်းက ရိုးရှင်းစွာပင် အကြံပြုလာသည်။

"ဒါဆို မင်း ကိုယ့်ကို ဆေးလိမ်းပေးလို့ရမလား ကိုယ့်နောက်ကျောကို ကိုယ်မမီဘူးလေ"

"ကောင်းပြီ ...ကောင်းပြီ"

____

သူတို့နှစ်ဦးအတူတူနေထိုင်သည်မှာ တစ်ပတ်မျှကြာမြင့်ခဲ့ပြီဖြစ်ပြီး ချီချန်အန်း၏အိပ်ခန်းထဲသို့ ရွှီလော့ယန် ဝင်ရောက်ခြင်းမှာမူ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။

သူက အတွင်းထဲတွင်ကြိတ်ကာ ရင်တုန်စိတ်လှုပ်ရှားနေမိသည်။ သို့သော်လည်း သူက ချီချန်အန်းအနောက်မှလိုက်လာပြီး အထူးသဖြင့် သူ့စပ်စုချင်စိတ်ကြောင့် ဟိုဟိုဒီဒီလျှောက်မကြည့်မိရန် အတော်လေး ထိန်းချုပ်ထားရသည်။ သို့သော် ကုတင်ဘေးရှိ စားပွဲအသေးလေးပေါ်တွင် ရွှေရည်စိမ်ထားသည့် ကတ်ထူစာအုပ်နှစ်အုပ်အား တွေ့လိုက်ရသဖြင့် စပ်စုချင်စိတ်အား ထိန်းမထားနိုင်တော့သဖြင့် ရွှီလော့ယန်နှစ်ကြိမ်မျှ ခိုးကြည့်မိသည်။ ထို့နောက် စာအုပ်တစ်အုပ်မှာ လက်တင်ဘာသာစကားဖြင့်ရေးသားထားကြောင်း သိရှိသွားပြီး ကျန်တစ်အုပ်မှာတော့ မည်သည့်ဘာသာစကားကိုအသုံးပြုထားမှန်း နည်းနည်းလေး‌ပင် မသိတော့ချေ။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now