Chapter 83

586 89 2
                                    

🍬Chapter 83

------------

ရွှီလော့ယန်အတွက် ထိုမေးခွန်းကိုမေးဖို့ရာ သတ္တိစုဆောင်းရန်အတွက်ပင် အချိန်အတော်ကြာယူလိုက်ရသည်။

ချီချန်းအန်းကအ​မြဲတမ်းသူ့အရှေ့မှာ လူသားပုံစံနဲ့ပဲပေါ်လာတတ်တာပင်။

သူ့အနေဖြင့်ချီချန်အန်းက နတ်ဆိုးဆိုတာကို သိထားတာကကိစ္စတစ်ခုဖြစ်ပြီး သူ့ရဲ့ပုံစံအစစ်အမှန်ကိုသိရခြင်းက ကိစ္စတစ်ခုဖြစ်ပေသည်-ဘယ်လိုပဲဖြစ်ဖြစ်သူ့ဘက်က ချီချန်အန်းရဲ့ပုံစံအမှန်က ဘယ်လိုပဲ ဖြစ်ဖြစ်လက်ခံဖို့ကမူသေချာနေပေသည်။

နောက်ပိုင်းမှာ သူ့ရဲ့မူလဇစ်မြစ်ကိုမရွေးချယ်နိုင်ခဲ့တာနှင့်ပတ်သတ်ပြီး ထိုအရာကြောင့် သူတို့နှစ်ယောက်ကြားထဲမှာ ပြဿနာတစ်ခုဖြစ်လာစေဖို့ ခွင့်မပြုနိုင်ပေ။

ဘယ်လိုပဲပြောပြော ယင်းကိုမေးပြီးတဲ့နောက်မှာ ရွှီလော့ယန်က စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပြီး စက္ကန့်အနည်းငယ်ကြာတဲ့အထိ ချီချန်းအန်းထံက အဖြေမကြားရသေးတာကို သတိထားမိပြီးနောက် သူကချီချန်အန်းရဲ့နားနားကို မှီလိုက်ပြီး

"ချန်အန်း မင်းအဲ့ဒါကိုမဖြေပေးနိုင်ရင်လဲ ငါမမေးတော့​​​ဘူး၊ ဒါကိုငါတို့ကြားထဲက လျှို့ဝှက်ချက်လေးအနေနဲ့ထားလိုက်ကြမယ်" လို့တိုးတိုးလေးပြောလိုက်၏။

ယခုအချိန်မှာ ချီချန်အန်းက ရွှီလော့ယန်ကို သူ့လက်နှစ်ဖက်ကြားပွေ့ဖက်ထားပြီး လက်တစ်ဖက်ကထိုလူသားလေးရဲ့ခါးပေါ်တင်ထားရင်း နောက်တစ်ဖက်က သူ့လည်ပင်းနောက်ဖက်ကိုညှင်သာစွာပွတ်သပ်ပေးနေကာ ကူကယ်ရာမဲ့နေတဲ့အပြုံးတစ်ပွင့်နှင့်အတူ ဆိုလိုက်ရသည်။

"မင်းတစ်ကယ်သိချင်တာလား"

"အင်း၊ငါတစ်ကယ်သိချင်တယ်"

ရွှီလော့ယန်က အနှိပ်ခံနေရင်း ပျော်ရွှင်စွာပဲ ပြန်ဖြေလိုက်ပြီးနောက် အားမရှိတဲ့ပုံစံကို အမြန်ပဲချိန်းလိုက်ကာ ချန်အန်းရဲ့ပခုံးပေါ်ခေါင်းမှီလိုက်ပြီးနောက် သူ့ရဲ့မျက်လုံးတွေကိုအလုံးစုံမမှိတ်သေးခင် လည်ပင်းပေါ်က အရေပြားလေးကို အလျင်အမြန်တစ်ချက် နမ်းလိုက်ပြီး အခုလိုနီးနီးကပ်ကပ်ရှိနေရတာကို သဘောကျနေမိသည်။

[COMPLETED]ငါက နေ့တိုင်း အချိုတွေကျွေးနေတယ်တဲ့ (ဘာသာပြန်) Where stories live. Discover now