Main Cast ~
✌Kim Tae Hyung & Jeon Jung Kook
တစ်ခါက ဟိုတယ်တစ်ခု၏ အောက်ထပ် စားသောက်ခန်းတွင် အသက် ၂၀ ကျော် ဖြစ်သည့် Kim Tae Hyung နှင့် Jeon Jung Kook ဆိုသော လူငယ် နှစ်ယောက်တို့ စားပွဲဝိုင်းတစ်ဝိုင်း ထဲတွင် အတူထိုင်၍ အရက်သောက်နေကြသည် ။
နှစ်ယောက်လုံးမှာ အတော်မူးနေကြသည် ။
(Burn the stage လေး မြင်ယောင်ကြကုန် 😂😂😂)
မူးလာတော့ အမူးသမားတို့၏ ထုံးစံအတိုင်း ပြောစရာစကားမရှိ စကားရှာကာ တစ်ဦးနှင့်တစ်ဦး မိတ်ဖွဲ့ကြတော့သည်။
Tae - " ဒါနဲ့ မင်းက ဘယ်ကလဲ ၊ ကိုယ် မင်းကို တစ်နေရာရာမှာ မြင်ဖူးသလိုလိုဘဲ "
Kook - "ကျွန်တော်လဲ ခင်ဗျားကို တွေ့ဖူးသလိုလိုပဲ ၊ ကျွန်တော်က Busan ကပါ "
Tae - " ဟုတ်လား ၊ ဒါကြောင့်နေမှာ ကိုယ်လဲ Busan ကပဲ"
Kook - "ဟန်ကျလိုက်တာဗျာ တမြို့ထဲသားတွေ လာဆုံရတာ"
Tae - "ဒါနဲ့ နေတော့ရော"
Kook - " မြို့အစွန်က Apartment မှာ အခန်းနံပါတ် - 44 "
Tae - " ဟေ ၊ လေးဆယ့်လေး ?? "
Kook - "ဟုတ်ပါတယ်"
Tae - " ဟာ ကိုယ့်အခန်းနံပါတ်လဲ လေးဆယ့်လေးပဲ ၊ အံ့ရောကွာ ၊ ဒါနဲ့ မင်း ဒီမှာ တည်းတော့ရော ဘယ်အခန်းမှာလဲ "
Kook - " 101 မှာ"
Tae - " ဟေဟေ 101 နှစ်ခန်းများရှိသလား မသိဘူး ၊ ကိုယ်လဲ 101 ပဲ ၊ ခုလို တွေ့ရတာ ၀မ်းသာတယ်ကွာ ၊ ကဲ ချလိုက်ကြဦးစို့"
နှစ်ယောက်သား စကားတပြောပြောနဲ့ အပျော်လွန်ပြီး ခွက်ချင်းတိုက်ကာ သောက်ပြီးနောက် အမူးလွန်၍ မှောက်သွားကြလေတော့သည် ။
ထိုအခါ အခြားဝိုင်းမှ လူတစ်ယောက်က ကောင်တာမှာ ထိုင်နေသည့် ဆိုင်ဝန်ထမ်းအား
"ဟို နှစ်ယောက် တူလိုက်ပုံက အတော်ဆန်းတယ်နော် နေတဲ့မြို့ရော အိမ်ရော "
ဟု မေးလိုက်လေသည် ။
ထိုအခါ ကောင်တာမှ ဆိုင်ဝန်ထမ်းက
"တူမှာပေါ့ဗျ ၊ သူတို့နှစ်ယောက်က တနှစ်ပြည့် မင်္ဂလာနှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ Jeju ကို HoneyMoon ထွက်လာတဲ့ စုံတွဲပဲဟာ၊ ဒီ ဟိုတယ်ကို အတူလာပြီး အတူ တည်းကြတာပဲ၊ အမူးလွန်နေလို့ တယောက်ကို တယောက် မမှတ်မိတာ"
YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။