32. အကြံကြီးသူများ

2.9K 724 93
                                    

Main Cast ~

✌✌Park Jimin & Kim Tae Hyug

တခါက Park Jimin နှင့် Kim Tae Hyung ဟူသည့် ကောင်လေးနှစ်ယောက်သည် တယောက်နှင့် တယောက် အရမ်းချစ်ကြသော သူငယ်ချင်းတွေ ဖြစ်သလို Busan မြို့စွန်မြို့ဖျားရှိ ရပ်ကွက်တခုတွင် အိမ်ချင်းကပ်လျက်နေကြသော အိမ်နီးနားချင်းများလဲ ဖြစ်၏ ။

တနေ့တွင်တော့ လူငယ်ပီပီ အားယားနေသော သူတို့နှစ်ယောက်ကို သူတို့ အဖွားနှင့် အဖေအမေများက အလုပ်တခု ကိုယ်စီ လုပ်ရန် ခိုင်းထားလေ၏ ။

သို့သော် နှစ်ယောက်လုံးမှာ အပျင်းတစ်ကာ ဘာမှပင်ပင်ပန်းပန်း မလုပ်လိုက်ရဘဲ ထိုအလုပ်အားလုံး လွယ်လင့်တကူ ပြီးသွားစေရန် ဆန္ဒရှိနေကြ၏ ။

ထို့ကြောင့် နှစ်ယောက်သား မည်သို့လုပ်ရ ကောင်းနိုးကို တွေးတော တိုင်ပင်ကြံစည်ကြလေရာ အကြံဥာဏ်တခု ရသွားလေ၏။

ထိုနောက်တွင်တော့ နှစ်ဦးသဘောတူထားသည့် ထိုအကြံကို စတင်လေတော့၏ ။
.
.
.
.

Busan ရဲစခန်းတွင် တယ်လီဖုန်းသံ မြည်လာလေ၏ ။ ထို့ကြောင့် စခန်းမှူးက ကိုင်လိုက်လေတော့

"ဟလို ကျွန်တော့်ရဲ့ အိမ်နီးချင်း Park Jimin အကြောင်း ကျွန်တော် သတင်းပို့ချင်လို့ပါ။ သူ ထင်းတုံးတွေထဲမှာ ဆေးခြောက်တွေကို ဖွက်နေပါတယ်"

"ဖုန်းဆက်သတင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

နောက်တနေ့တွင် ရဲစခန်းမှ တာဝန်ရှိသူများ Jimin အိမ်သို့ ရောက်လာကြ၏ ။ ထင်းတုံးများထားသည့် ဂိုဒေါင်ရုံကို ရှာဖွေကြသည် ။ ပေါက်ဆိန်များ အသုံးပြုပြီး ထင်းတုံးအားလုံးကို ခွဲကြသည်။

သို့သော် သူတို့ မျှော်လင့်ထားသလို ဆေးခြောက်များ မတွေ့ရပေ။ ထို့ကြောင့် ဆဲဆို ရေရွတ်ပြီး ထွက်ခွာသွားကြသည်။

ထို့နောက် မကြာမှီပင် Jimin ဆီ ဖုန်းဝင်လာ၏ ။

"ဟေ့ရောင် Jimin ... စခန်းက ရဲတွေ လာသွားပီလား? "

"အေး လာသွားကြပီ"

"မင်းရဲ့ ထင်းတုံးတွေ သူတို့ ခွဲသွားလား"

"အေး ၊ အကုန်ခွဲသွားပီ "

Jimin မှာ ၀မ်းသာအားရဖြင့် ပြော၏ ။

BTS Make Me Smile [ Completed ]Where stories live. Discover now