35. ခင်ချင်လို့ပါ

2.7K 700 74
                                    

Main Cast ~

Kim Tae Hyung & Jeon Jung Kook

တနေ့သ၌ ၁၀ နှစ်အရွယ်ရှိသော Jungkook ဟူသည့် ချစ်စရာကောင်လေး တယောက်သည် သူ့အိမ်နားရှိ အအေးဆိုင်သို့ သွားကာ တယောက်ထဲ အအေးဝယ်သောက်ရင်း ဆိုင်အတွင်းဝယ် ဂိမ်းဆော့နေလေ၏ ။

ခဏအကြာတွင်တော့ သူနှင့် မျက်နှာချင်းဆိုင်ရှိ စားပွဲဝိုင်းသို့ သူနှင့်ရွယ်တူ ကောင်လေးတယောက် ရောက်လာလေသည်။

ထိုကောင်လေးသည် Jungkook ကို မမှိတ်မသုန် စိုက်ကြည့်နေသည်ဟု အာရုံခံစားမိသည်မို့ Jungkook လဲ ဂိမ်းဆော့နေရာမှ ထိုကောင်လေးဆီသို့ အကြည့်တွေ ပို့လွှတ်လိုက်လေတော့ ထိုကောင်လေးက သူ့ကို ပြုံးပြနေလေ၏ ။ လေးထောင့်ပုံစံနှုတ်ခမ်းလေး ပေါ်သည်အထိ။

သို့သော်လည်း ကလေးပီပီ တွေးမိသည်က "သူ့ကို ခင်ချင်လို့လား ဒါမှမဟုတ် သူသောက်နေတဲ့ အအေးကိုများ သောက်ချင်လို့လား" ဟူ၍ ။

ထိုကဲ့သို့ Jungkook လေးတယောက် အတွေးများပီးနောက် ဖြစ်ချင်တော့ သူ သောက်ထားသမျှက လက်စွမ်းပြပြီး Toilet ဆီသို့ ပြေးကာ ဖြေလျော့ချင်စိတ် ပေါက်လာလေ၏ ။

သို့ပေမဲ့ စိုးရိမ်မိသည်က ခွက်ထဲဝယ် တ၀က်နီးပါး ကျန်ရှိနေသေးသော သူ့အအေးများ။ တော်ကြာ သူ သန့်စင်ခန်းဝင်နေတုန်း ဟိုကောင်လေးများ ယူသောက်ပစ်လေမလား တွေးမိတော့ စိတ်ကမချ။ ထို့ကြောင့် IQ မြင့်မြင့်ဖြင့် သူအအေးခွက် ဘေးတွင် စာတစ်စောင် ရေးကာ ချထားခဲ့ပြီး စိတ်ချလက်ချဖြင့် Toilet ဆီသို့ ပြေးလေ၏ ။

သူရေးထားသည့် စာမှာမူ ..

"ဒီခွက်ထဲက အအေးကို မသောက်ပါနှင့် ၊ ကျွန်တော် တံတွေးထွေး ထည့်ထားတယ်"

ပုံ / Kookie

ဟူ၍ ။

တအောင့်အကြာတွင်တော့ Jungkook လေးတစ်ယောက် Toilet မှ ပြန်လာလေ၏ ။ သို့သော် သူ့ဘေးက စားပွဲဝိုင်းတွင် ဟိုကောင်လေး မရှိတော့ ။

ပြန်များသွားပီလားဟု တွေးရင်း သူ့စားပွဲဝိုင်းသို့ ရောက်သောအခါ တွေ့လိုက်ရသည်က သူရေးထားသော စာအောက်တွင် နောက်ထပ် စာလေးတစ်ကြောင်းကို ။

BTS Make Me Smile [ Completed ]Donde viven las historias. Descúbrelo ahora