30. ခိုင်းတတ်ပုံများ

2.9K 697 81
                                    

Main Cast ~

✌✌ Min Yoongi & Park Jimin

တခါတုန်းက Park Jimin ဟူသည့် လူငယ်လေးသည် Min Yoongi ဆိုသည့် အချေကောင်လေးကို တဖက်သတ်ကြွေနေလေသည်မို့ Min Yoongi အလုပ်လုပ်ရာဖြစ်သည့် Music သင်တန်းတွင် ပညာသွားရောက်သင်လေ၏ ။

Min Yoongi မှာ တေးရေးဆရာ ဖြစ်သလို Rapper တစ်ယောက် ဖြစ်သည်မို့ သူ၏ သင်တန်းတွင် Rap ကောင်းကောင်းဆိုနိုင်ရန် မည်သို့လေ့ကျင့်မှတ်သား လိုက်နာသင့်သည်များကို အထူးသင်ကြားပို့ချပေးလေ၏ ။

Park Jimin မှာတော့ သင်တန်းသွားကာ သင်ကြားမှုကို သေချာနားထောင်သည်က နည်းနည်း ဆရာအချေကို ငမ်းသည်က များများ ဖြစ်နေလေ၏ ။

သို့ပေမဲ့ ဆရာဖြစ်သည့် Min Yoongi မှာ မျက်နှာထား ခပ်တည်တည်ဖြင့်သာ ခပ်ချေချေနေတတ်ပြီး မထင်ရင်မထင်သလို Middle Finger up ချင်သည့်ပုံမို့ တပည့်အများစုမှာ ကြောက်ကြ၏ ။ Jimin ကတော့ Yoongi ၏ထိုပုံစံကို အသေအကြေ ကြွေနေခြင်းသာ။

တနေ့တွင်တော့ Yoongi မှာ သင်တန်းချိန်သို့ နောက်ကျမှရောက်ရှိလာပြီး သူ့ကို စောင့်နေသော တပည့်များကို ဤသို့ မေးလိုက်လေ၏ ။

"မင်းတို့ထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်းသိတဲ့သူ ပါသလားကွ"

ထိုအချိန်တွင်တော့ Jimin မှာ သူ့အစွမ်းကို ထုတ်ပြခွင့်ရနိုင်ပြီး သူကြွေနေသော ဆရာYoongi ထံမှ အာရုံစိုက်မှုကို ရနိုင်မည် အထင်ဖြင့်

"ပါ ပါ တယ် ဆရာ Yoongi ၊ ကျွန်တော် စန္ဒရား ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပါတယ် ။ စန္ဒရားအကြောင်းလဲ ကောင်းကောင်းသိပါတယ်"

ဟု ကြွားသံလေးဖြင့် မိမိကိုယ်ကို အမွှန်းတင်ရင်း ဖြေလိုက်လေ၏ ။

ထိုအခါဝယ် ဆရာ Yoongi ပြန်ပြောလိုက်သည့် စကားကြောင့် Jimin ခဗျာ အီးမှန်လိုက်သည့် မျက်နှာပမာ ဖြစ်သွားရှာလေတော့သည်။

အကြောင်းမှာ Yoongi ပြောလိုက်သည်က

"ဒါဆိုလဲကွာ အခု ဆရာဝယ်လာတဲ့ စန္ဒယားကြီးကို ကားပေါ်က ချပြီး အပေါ်ထပ်ကို တင်တဲ့အခါ မင်းကပဲ စန္ဒယားအကြောင်း ကောင်းကောင်းသိသူပီပီ ဦးဆောင်ပြီး ဂရုတစိုက် အတင်အချ လုပ်လိုက်စမ်းကွာ ၊ မပွန်းစေနဲ့ မပဲ့စေနဲ့ ၊ ဘာအပြစ်အနာအဆာမှ မဖြစ်စေနဲ့"

BTS Make Me Smile [ Completed ]Where stories live. Discover now