Main Cast ~ Min Yoongi, Kim Namjoon, Kim Seok Jin, Kim Tae Hyung & Jeon Jungkook
တခါက တစ်ဆောင်တည်းအတူနေပြီး အရမ်းချစ်ခင်ကြသော တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြတဲ့ Kim Namjoon, Kim Seok Jin, Kim Tae Hyung & Jeon Jungkookဆိုတဲ့ သူငယ်ချင်းလေးဦးဟာ နှစ်ကုန် စာမေးပွဲ မဖြေခင် တစ်ညမှာ အခန်းတွင်း သီးသန့် Party လုပ်ကာ စားကြသောက်ကြ ပျော်ကြပါးကြလေတယ် ။ နောက်နေ့မနက်လည်းရောက်ရော ညတုန်းက အပီအပြင် ကဲခဲ့ကြတဲ့ အရှိန်ကြောင့် မနက်အချိန်မှီ မထနိင်ဖြစ်ပြီး စာမေးပွဲဖြေဆိုခန်းကို အချိန်ပြည့်ဖို့ နာရီဝက်အလိုမှ ရောက်လာကြလေတယ်။
စာမေးပွဲ ဝင်မဖြေရင် တစ်နှစ်ကျတော့မှာဆိုတော့ကား ထိုအခါမှ သူတို့လေးယောက်ဟာ ပြာတိပြာယာဖြင့် သူတို့ကျောင်းရဲ့ မော်ကွန်းထိန်းဖြစ်တဲ့ Min Yoongi ဆီသွားပြီး ဖြေဆိုခွင့်ပြုဖို့တောင်းကြတယ်။ ဒါပေမဲ့ ထိုသို့ခွင့်တောင်းဖို့ကလဲ ဆင်ခြေဆင်လက်အဖြစ် သူတို့လေးယောက်ဟာ မနေ့ညမှ ခရီးဝေးက ပြန်လာခြင်း ဖြစ်ကြောင်းနဲ့ ကားဘီးပေါက်သဖြင့် ရွဲ့ နွံထဲကနေ တွန်းကာ ကျောင်းသို့ အမြန်အပြေးအလွှားလာရကြောင်း လိမ်ပြောရန် တိုင်ပင်ထားကြလေတယ်။ လိမ်လို့ကောင်းအောင်လည်း အဝတ်အစားကို ရွံ့ ဗွက်များ လူးခဲ့ပြီးမှ မော်ကွန်းထိန်း Min Yoongi အခန်းသို့ ဝင်ခြင်း ဖြစ်ပါတယ်။
ထို့နောက် မော်ကွန်းထိန်းဖြစ်သူ Min Yoongi က သူတို့ရှင်းပြသမျှ အကြောင်းစုံ သိပြီးနောက်မှာတော့ "ကောင်းပြီလေ၊ ကားဘီးပေါက်တယ် ဆိုတော့လဲ။ မင်းတို့ လေးယောက် အတွက် ၁၀ မိနစ်စာ သာ ဖြေပြီး အောင်နိုင်မယ့် အထူးအခွင့်အရေးရ မေးခွန်း ပဲ မေးပါတော့ မယ်။ သို့ပေမယ့် တစ်ယောက် တစ်ခန်းဆီခွဲထိုင်ပြီး ဖြေရမယ်။ သဘောတူရင် စာမေးပွဲခန်း ကိုယ်စီ သွားတော့" လို့ ပြောတဲ့အခါ Kim Namjoon, Kim Seok Jin, Kim Tae Hyung နဲ့ Jeon Jungkook တို့ လေးယောက်သား မော်ကွန်းထိန်း Min Yoongi က သူတို့ ပြောသမျှယုံပေးသည်မို့ သူတို့အကြံအောင်ပြီဟု တွေးကာ ၀မ်းသာအားရနဲ့ သူတို့ ဖြေဆိုရမဲ့ အခန်းတွေဆီ သွားကြပါတော့တယ်။
သို့ပေမဲ့ တယောက်တခန်းစီ၌ ရှိနေသော သူတို့လေးယောက် ဖြေဆိုရမဲ့ မေးခွန်းတွေကို ရလာသည့်အချိန်မှာတော့ မျောက်မှိုင် မှိုင်ရင်း အချဉ်မဟုတ်တဲ့ အချေဖြစ်သူ မော်ကွန်းထိန်း Min Yoongi ကိုသာ ၀ိုင်းပြီး မေတ္တာပို့ကြပါလေတော့တယ်...။
YOU ARE READING
BTS Make Me Smile [ Completed ]
Short Story"ရယ်သောသူ အသက်ရှည်၏" 😂😂😂😂😂😂😂😂😂😂 Character ~ "Bangtan Boys" အပြုံးတပွင့် ပန်ဆင်စေရန် ရည်သန်လျက်ဖြင့် .... ။